"မောနင်းစ်...ကိုကို..."
အလုပ်မသွားခင်လေး...အချစ်တော်..ကလေးအတွက်သူ့မှာ..မနက်စာပြင်ဆင်နေခြင်းပင်....
ခုမှ..ညအိပ်ဝတ်စုံအပြာနုရောင်လေးကို...ဝတ်ထားတာကလည်း..
ဟိုပေါ်ဒီပေါ်နဲ့..နိုးလာတာနဲ့ကို သူ့ကိုထွက်ရှာနေတဲ့ပုံပင်....
"ကလေး...အင်္ကျီကိုဆွဲချလေ...မျက်နှာရောသွားသစ်အုံးလေကွာ.."
ညအိပ်ဝတ်စုံလေးက...ရင်ဘက်ထိလိပ်တတ်နေတာ....
ခုချိန်ထိ ခေါင်းကုပ်လိုက်...လည်ပင်းကုက်လိုက်နဲ့...
ဟိုးတလောကမှ...ရှည်လာတဲ့ ဆံပင်ကလေးတွေကလည်း...
ကပိုကယိုနဲ့...အာရီးဂူး...ဘယ်လိုနေနေ...
ချစ်ဖိုကောင်းနေတာကလည်း..ခက်သား...
"ကိုကို!!! မျက်နှာမသစ်ခြင်းဘူး...မနက်စာတစ်ခါတည်းစားမယ်လေ..."
ကော်ဖီဖျော်နေတုန်း...အနောက်ကနေ...မှီကပ်ပြီး...
မျက်နှာမသစ်ချင်လို့...ဂျီကျနေတဲ့...ကလေးငယ်~~
"မရပါဘူးကွာ...ကိုကိုမျက်နှာလိုက်သစ်ပေးမယ်လေကွာ"
ခုလိုပြောလည်း..ခေါင်းတခါခါနဲ့..ဂျီကျနေတုန်း...
"ကိုကို့ကလေးလေးက..လိမ္မာလား!!! ဆိုးလား!! ဟမ်!! "
"လိမ္မာဘူးဆိုးတယ်..."
နှုတ်ခမ်းကြီးဆူထွက်နေပြီး..ကောက်ပြနေတာ...
"အို!! ဒါဆို..Kim jonginယောက်ျားလေးကရော..လိမ္မာလား!! ဆိုးလား!! "
"ဟိ!!! Kim Kyungsooလေးက..လိမ္မာပါတယ်ဗျ...ဟီး!! "
အမျိုးမျိုးကို...တတ်နိုင်လွန်းပါဘိ...
"ကဲ..ဒါဆိုမျက်နှာသွားသစ်ပါတော့...ယောက်ျားလေးရေ..."
"ဟုတ်ပြီ!! ဟုတ်ပြီ..မျက်နှာသွားသစ်ပါပြီ!! မိန်းမရေ...မွ!! "
"Kim kyungsoo!!! "
သူ့ပါး လှစ်ကနဲ..နမ်းပြီး..မိန်းမရေလို့ခေါ်သွားတော့....
ကိုယ့်မှာ ရယ်ရခက်ငိုရခက်!!!
လူကို ukeများမှတ်နေလားမသိ..ဟွန့်....