ဆိုင်အပြင်ကိုစိတ်ညစ်စွာထွက်သွားတဲ့ကလေးငယ်ကိုအသည်းအသန်ရှာမိတော့ တွေ့ပါပြီ!!
"စိတ်အရမ်းဆိုးနေတာလား ကလေးငယ်~ ကိုကို့ကိုကြည့်ပါဦး"
ကျောပေးထားတဲ့ ကလေးငယ်ကို မျက်နှာချင်းဆိုင်ဆွဲလှည့်မိတော့ နှာတရှုံ့ရှုံ့နဲ့....
ဟော~~ ဆရာဝန်လေး ရာသီဥတုအေးလို့နှာစေးနေပြီ!!
"ဆိုးတာပေါ့ ကိုကိုရဲ့ ကိုကိုပဲ စဥ်းစားကြည့် ချစ်တုန်းကကြ အမြင်ကပ်လောက်အောင်ချစ်ပြနေကြပြီးတော့ အခုကြတော့လည်း လမ်းခွဲဖို့ပြောတာက လွယ်ကူနေလိုက်တာ"
နှာခေါင်းထိပ်လေးတွေရဲရဲနီနေပြီး သူ့hyungတွေကိုအပြစ်ပြောနေတဲ့ပုံကလည်း တကယ်ကိုချစ်ဖို့ကောင်းနေတော့တာပဲ....
ကိုကို့ကလေးငယ်က ဘယ်လိုနေနေချစ်စရာကိုကောင်းနေတော့တာပဲ
"Hyungတွေကိုပဲ အရမ်းစိတ်ဆိုးမနေပါနဲ့ဦး ကလေးငယ်ရဲ့ အခုအရမ်းချမ်းနေပြီမလား!! လာပါဦး ကိုကို့ဆီ!! ကိုကိုကဖက်ထားပေးချင်လို့"
ရင်ခွင်ထဲပစ်ဝင်လားတဲ့ ကလေးငယ်ရဲ့ အိအိလုံးလုံးကိုယ်လုံးလေးကတော့ ဘယ်ချိန်ရင်ခွင်ထဲထည့်ထည့် အချိန်ပြည့်နွေးထွေးမှုနဲ့ ချစ်ခြင်းတရားတို့ကအပြည့်ပဲ
"ကိုကို့ရင်ခွင်က ကမ္ဘာပေါ်မှာရှိတဲ့ အနွေးဆုံးတွေထဲက နံပါတ်တစ်အနွေးထွေးဆုံးပဲ"
ဟော~~ကြည့်!!! အလည်လေးက ချွဲတတ်သေးတာ~~
"ကိုကို့တို့ကားထဲ ဝင်ထိုင်ကြရအောင် မဟုတ်ရင် ကလေးဖျားတော့မယ် ညကြ ဂျူတီရှိသေးတယ်လေ"
"ကိုကိုက babeကို အများကြီးချစ်တာပဲနော်"
ကားတံခါးဖွင့်ပြီး အသေအချာထိုင်ပြီးခါးပတ်ပတ်ပေးတော့မှ ပြောလာတဲ့ကလေးငယ်ရဲ့ စကားသံလေး
"ဒါပေါ့ ကိုကိုက ကလေးကို အရမ်းချစ်လို့ ခုလိုအနားမှာ အရိပ်လေးလိုအမြဲမျက်စိအောက်ကအပျောက်မခံဘဲ ချစ်နေရတာပေါ့~~ ကလေးကကော ကိုကို့ကို အရမ်းချစ်တယ်မလား ဟုတ်တယ်မလား ဟမ်!!"
"လိပ်ကြီး Kim jonginက လိပ်ဘိုးဘိုးကြီးပါကွာ"
ဆိုင်ထဲကထွက်လာတဲ့အချိန်ကထက်စာရင် ပြုံးရယ်လာလို့တော်ပါသေးတယ်....