B&M-30(Uni)

362 19 0
                                    

တစ်နေကုန်ရေခဲမုန့်ဆိုင်မှာ ထိုင်နေတာတာကအကောင်း
ပြန်ခံနီးမှ ပြသာနာရှာလာသော ကလေးငယ်~~

"ကိုကို!!! babeက အရမ်းဆိုးနေလားဟင်~~
အရင်လို ပြောစကားနားထောင်တဲ့ လူလိမ္မာလေးမဟုတ်တော့ဘဲ အခုလူဆိုးလေးဖြစ်နေပြီလားဟင်!!"
အင်း!! ဒီကလေးတော့
ဘာတွေ အတွေးလွန်နေပြန်ပြီလဲမသိ!!
ဒီကလေးငယ်နဲ့တော့ ခက်တယ်
လူနာတွေရှေ့ကြ လူကြီးအရမ်းဆန်ပြီး
အရာရာကို ဆုံးဖြတ်နိုင်တတ်တဲ့ ကလေးငယ်က
နှစ်ယောက်အတူတူရှိတဲ့အချိန်ဆို အခုလို
ကလေးဆန်ဆန်မေးတတ်တာလေးတွေက အမြဲလိုလိုပင်!!

"ကလေး!! ကိုကို့ မျက်လုံးကိုသေချာကြည့် ကိုကိုပြောတဲ့စကားကိုလည်း သေသေချာချာလေးနားထောင်ပေး အိုကေ!!"

လက်ညိုးနဲ့ လက်မလေးကို သေချာဝိုင်းပြပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ နာခံပြနေတဲ့ ပုံလေးက ဘယ်ချိန်ကြည့်ကြည့် အူယားပြီးချစ်စရာကောင်းနေတုန်းပဲ....

သူငယ်ချင်းတွေပြောသလိုပေါ့ မင်းတို့နှစ်ယောက်လုံးကိုက အဖြစ်သည်းပြီး တုန်နေအောင်ချစ်ပြနေလိုက်ကြတာ....

တခါတလေကြ မျက်စိနှောက်လောက်တဲ့ထိကို အဖြစ်သည်းလွန်းပြပနေတာပါကွာတဲ့လေ.....

ချစ်တာကို!!!...ဘ၀တစ်ခုလုံးပုံပေးထားတဲ့ထိကို ချစ်ခဲ့မိတာလေ....

ကလေးငယ်ဘာလုပ်လုပ် အပြစ်မမြင်ဘဲ ချစ်ခဲ့တာလေ...

"ကိုကို့ ကလေးငယ်က အရင်ကလည်း လိမ္မာတယ် အခုလည်း လိမ္မာပြီး ချစ်ဖို့ကောင်းနေတုန်းပဲ တခြားအတွေးတွေထက် ကိုကို့သာ ယုံပေး ကိုကိုတစ်ယောက်တည်းကို ယုံကြည်ပြီး ချစ်ပေး အဲ့တာဆို အရာရာ အားလုံးအဆင်ပြေပြီလေ babeရဲ့"

တခါတလေ အတွေးပေါင်းစုံကြောင့် ကလေးငယ်စိတ်ရှုပ်နေတတ်ရင် အမြဲတမ်းလိုလို အခုလိုမျိုးစကားမျိုးတွေနဲ့သာချော့မြူပေးတတ်တာက ကျွန်တော်တစ်ယောက်တည်းရဲ့ မူပိုင်အလုပ်တာဝန်တစ်ခု!!

"babeက ကိုကို့ကို babe ကိုယ် babeထက်ပိုယုံကြည်ပြီးသား...babeအတွက် ကိုကိုက အချစ်ဆုံးလူသား
ချစ်လို့မ၀တဲ့တစ်ယောက်တည်းသောသူ ဘာတွေပဲဖြစ်ဖြစ် ကိုကို့လက်တွဲပြီး ကိုကို့နောက်တကောက်ကောက်လိုက်မယ့်သူ ချစ်တယ်~~ကိုကို"

Baby & Me {Completed}Where stories live. Discover now