Goodbye single ( 1 )

3.3K 131 10
                                    

Goodbye single
🐨 Episode ( 1 )

မြင်​​တွေ့​နေသမျှအရာ​တွေအားလုံးက သဘာဝအတိုင်း တည်​ရှိ​နေ​သော်​ငြားလည်း အချိန်​အခါ​ရောက်​မှ ဖူးပွင့်​လာတဲ့ ချယ်​ရီပန်း​လေး​တွေရဲ့ အလှဟာ​တော့ သဘာဝတရား ကြီးကို လွန်​ဆန်​ပြီး အပြာ​ရောင်​​ကောင်းကင်​ အဖြူ​ရောင်​ တိမ်​တိုက်​တို့နှင့်​ ယှဉ်​တွဲကာ အပြိုင်​လှ​နေသည်​။ ပျံသန်း​နေတဲ့ အဝါ​ရောင်​အဆင်းနဲ့ လိပ်​ပြာငယ်​​လေး တစ်​​ကောင်​ရယ်​ ဖြူ​ဖွေးဥ​နေတဲ့ လက်​​ချောင်းသွယ်​သွယ်​​လေး ငါး​ချောင်း ရဲ့ လက်​ဖမိုး ​လေးကိုလဲ ထိုပန်းနု​ရောင်​ ချယ်​ရီပင်​ကြီး​တွေနဲ့အတူ တွဲမြင်​​နေရသည်​။ လိပ်​ပြာ​လေး​နောက်​ ​ပြေးလိုက်​​နေသည့်​ ​ခြေ​ထောက်​တစ်​စုံမှာလဲ မျက်​ခင်းစိမ်းတို့အထက်​ ​ပြေးလွှား​နေ​လေသည်​။ စိမ့်​လဲ့​နေတဲ့ ပင်​လယ်​ပြင်​ကြီးမှတိုး​ဝှေ့လာတဲ့ ​ည​နေခင်းရဲ့​လေးနု​အေး​လေး​တွေကလဲ ထိုမိန်းက​လေး၏ ပါးပြင်​ကို ပွတ်​သပ်​​ပေး​နေ​လေသည်​။ မျက်​နှာအထက်​၌လည်း ဆံနွယ်​စတို့က အပိုကယိုလေး ဖုံးအုပ်​​နေသည်​။ ပါးပြင်​အထက်​က အပြုံးရိပ်​တို့ကလဲ ​တောက်​ပ​နေသည်​။

" ဒီ​လောက်​ဆို အဆင်​​ပြေပြီထင်​တယ်​ .. စာ​ရေး တာ ခဏနားလိုက်​အုံးမယ်​ .. ဗိုက်​ဆာတယ်​ "

" နင်​စားသင့်​​နေတာကြာပြီ .. ငါလဲ ပြန်​​တော့မယ်​ တစ်​ပတ်​စာ အရန်​ဟင်း​တွေ ​ရေခဲ​သေတ္တာထဲ အပြည့်​ ငါချက်​ပြီး ထည့်​​ပေးထားခဲ့တယ်​​နော်​ "

" အွန်​ .. ငါအရသာရှိရှိ​ကောင်း​ကောင်းစားပါ့မယ်​"

" ထမင်းကို အချိန်​ပုံမှန်​စားရမယ်​​နော်​ Sana chan "

" ကတိ​တော့​သေချာမ​ပေးနိုင်​​ပေမယ့်​ ပုံမှန်​စားနိုင်​ ​အောင်​ကြိုးစားပါ့မယ်​ "

" ညဘက်​​တွေ စာ​ရေးတာ​ရှော့​ရေး ​မျက်​ရိုး​တေကိုက်​​နေတယ်​မလား "

" ဒါနဲ့ နင့်​အလုပ်​သစ်​က​ရောဘယ်​လိုလဲ အဆင်​​ပြေရဲ့လား "

Goodbye singleWhere stories live. Discover now