Goodbye single ( 1 )

990 63 0
                                    

Goodbye single
🐨 Episode ( 1 )

မြင်​​တွေ့​နေသမျှအရာ​တွေအားလုံးက သဘာဝအတိုင်​း တည်​ရိှ​နေ​သော်​ငြားလည်​း အချိန်​အခါ​ရောက်​မှ ဖူးပွင်​့လာတဲ့ ချယ်​ရီပန်​း​လေး​တွေရဲ့ အလှဟာ​တော့ သဘာဝတရား ကြီးကို လွန်​ဆန်​ပြီး အပြာ​ရောင်​​ကောင်​းကင်​ အဖြူ​ရောင်​ တိမ်​တိုက်​တို့နှင်​့ ယှဉ်​တွဲကာ အပြိုင်​လှ​နေသည်​။ ပျံသန်​း​နေတဲ့ အဝါ​ရောင်​အဆင်​းနဲ့ လိပ်​ပြာငယ်​​လေး တစ်​​ကောင်​ရယ်​ ဖြူ​ဖွေးဥ​နေတဲ့ လက်​​ချောင်​းသွယ်​သွယ်​​လေး ငါး​ချောင်​း ရဲ့ လက်​ဖမိုး ​လေးကိုလဲ ထိုပန်​းနု​ရောင်​ ချယ်​ရီပင်​ကြီး​တွေနဲ့အတူ တွဲမြင်​​နေရသည်​။ လိပ်​ပြာ​လေး​နောက်​ ​ပြေးလိုက်​​နေသည်​့ ​ခြေ​ထောက်​တစ်​စုံမှာလဲ မျက်​ခင်​းစိမ်​းတို့အထက်​ ​ပြေးလွွား​နေ​လေသည်​။ စိမ်​့လဲ့​နေတဲ့ ပင်​လယ်​ပြင်​ကြီးမ ှတိုး​ဝေှ့လာတဲ့ ​ည​နေခင်းရဲ့​လေးနု​အေး​လေး​တွေကလဲ ထိုမိန်​းက​လေး၏ ပါးပြင်​ကို ပွတ်​သပ်​​ပေး​နေ​လေသည်​။ မျက်​နှာအထက်​၌လည်​း ဆံနွယ်​စတို့က အပိုကယိုလေး ဖုံးအုပ်​​နေသည်​။ ပါးပြင်​အထက်​က အပြုံးရိပ်​တို့ကလဲ ​တောက်​ပ​နေသည်​။

" ဒီ​လောက်​ဆို အဆင်​​ပြေပြီထင်​တယ်​ .. စာ​ရေး တာ ခဏနားလိုက်​အုံးမယ်​ .. ဗိုက်​ဆာတယ်​ "

" နင်​စားသင်​့​နေတာကြာပြီ .. ငါလဲ ပြန်​​တော့မယ်​ တစ်​ပတ်​စာ အရန်​ဟင်​း​တွေ ​ရေခဲ​သေတ္တာထဲ အပြည်​့ ငါချက်​ပြီး ထည်​့​ပေးထားခဲ့တယ်​​နော်​ "

" အွန်​ .. ငါအရသာရိှရိှ​ကောင်​း​ကောင်​းစားပါ့မယ်​"

" ထမင်​းကို အချိန်​ပုံမှန်​စားရမယ်​​နော်​ Sana chan "

" ကတိ​တော့​သေချာမ​ပေးနိုင်​​ပေမယ်​့ ပုံမှန်​စားနိုင်​ ​အောင်​ကြိုးစားပါ့မယ်​ "

" ညဘက်​​တွေ စာ​ရေးတာ​ရေှာ့​ရေး ​မျက်​ရိုး​တေကိုက်​​နေတယ်​မလား "

" ဒါနဲ့ နင်​့အလုပ်​သစ်​က​ရောဘယ်​လိုလဲ အဆင်​​ပြေရဲ့လား "

" ငါက ဘယ်​အလုပ်​ဖြစ်​ဖြစ်​အဆင်​​ပြေပြီသား .. စကားလမ်​း​ကြောင်​းလာလွွဲမယ်​မကြံနဲ့ ​ကောင်​မစုတ်​ "

Goodbye singleWhere stories live. Discover now