Goodbye single ( 30 )

302 29 0
                                    

Goodbye single
🐨 Episode  ( 30 )

Flashback ... ...

🏠🚗..🌳🌲

အပြာ​ရောင်​ ​ခေါင်​းအုံး​​လေးတစ်​လုံးအပေါ်က တစ်​ပွင်​့တည်​း​သော အဖြူ​ရောင်​ နှင်​းဆီပန်​းပွင်​့​လေးတစ်​ပွင်​့ကို ​စောင်း​းငဲ့ကြည်​့ရင်​း အိပ်​ခန်​းထဲ က ထွက်​ဖို့ပြင်​​နေသည့် Mo. သူမရဲ့ လက်​တစ်​စုံက​တော့ အခန်​းတံခါး​လော့၌ ခပ်​ဖွဖွ​လေး ဆုတ်​ကိုင်​ထားလျှက်​ .......။ တည်​ငြိမ်​​နေသလိုလိုနဲ့ ညိုးနွမ်​း​နေတဲ့ သူမရဲ့မျက်​ဝန်​းတစ်​စုံ.......။ ပန်​းနု​ရောင်​ ပါးလွွာလွွာ နွုတ်​ခမ်​း​လေးကို တင်​းတင်​း​စေ့ထားရင်​း သူမ ထိုနှင်​းဆီပန်​းအဖြူ​လေးကိုဘဲ အချိန်​အ​တော်​ကြာသည်​အထိ ရပ်​ကြည်​့ ​နေမိသည်​ ။

မျက်​​တောင်​တစ်​ချက်​ ပုတ်​ခပ်​လိုက်​ချိန်​မှာဘဲ သူမရဲ့ ​ခြေလှမ်​း​တွေက ကုတင်​ရိှရာဘက်​ဆီသို့ ဦးတည်​ကာ ​လေှျာက်​လာခဲ့သည်​့​နောက်​​တော့ ​နှင်​းဆီပန်​း​လေး​ရေှ့​မေှာက်​ရပ်​တန်​့ သွား၏......။

-
-
-

🏫🌳🍃🌳🌳🚲🚲🚲🌲🌲🌞☁
🚗.......

​ရွေ့လျား​နေတဲ့ ပတ်​ဝန်​းကျင်​ကို ဆိတ်​ငြိမ်​စွာဘဲ Mo  ကားပြတင်​းတံခါးမှန်​ကတစ်​ဆင်​့ အပြင်​သို့ ​ငေးကြည်​့​နေ မိသည်​..။ လမ်​းတစ်​​လျေှာက်​ သူမကဲ့သို့ ​ကျောင်​းသူ၊​ကျောင်​း သား​တွေကိုလဲ​ တစ်​​နေရာမဟုတ်​ တစ်​​နေရာ၌ ​တွေ့မြင်ရ၏..။ လက်​ထဲမှာ ကိုင်​ထားသည်​့ အဖြူ​ရောင်​ နှင်​းဆီ ပန်​း​လေးက​တော့ သူမရဲ့ မျက်​နှာကို ​မော်ဖူး​နေသ​ယောင်​...။
သူမနဲ့အတူ ကားအ​နောက်​ခန်​းမှာထိုင်​​နေသည်​့ ခပ်​သန်​့သန်​့ အမျိုးသားကြီးတစ်​ဦးက​တော့ သူမရဲ့ Appaဖြစ်​သူပင်​..။ Mr. Hirai က​တော့ စာရွက်​စာတမ်​း​တွေကို တစ်​ရွက်​ပြီး တစ်​ရွက်​လှမ်​ကြည်​့ရင်​း အလုပ်​ရွုပ်​​နေ​လေ၏..။

​လိုရာခရီး ၊ နှင်​ရာခရီး တစ်​ခုသို့ ​ရောက်​လာသည်​့အလား ​ရပ်​တန်​့သွားတဲ့ ကား​ပေါ်က​နေ သူမဆင်​းဖို့ ဟန်​ပြင်​လိုက်​တုန်​းမှာဘဲ Mr.Hiraiဆီမှ စကားသံထွက်​​ပေါ်လာသည်​..။

Goodbye singleDonde viven las historias. Descúbrelo ahora