Goodbye single
🐨Episode ( 40 )The next Day....
လှပတဲ့နံနက်နေရောင်ကို ပြုံးရွှင်စွာကြည့်နေသူက Tzu.
ပြတင်းတံခါးမှာ လာပြီးနားခိုတဲ့ ခိုဖြူငှက်ငယ်တွေကို ကြည့်ရင်း သူမ ကုတင်ပေါ်ကဆင်းကာ ရေချိုးခန်းထဲသို့ဝင်သွားခဲ့သည်..။စစ်မှန်တဲ့ ပျော်ရွှင်ခြင်းဆိုတာ နံနက်နေရောင်ဟာ ပြတင်းတံခါးမှန်ကိုဖြတ်ပြီး အခန်းထဲဝင်လာသလိုမျိုး သိပ်ကိုလှတယ်..။
ရေပန်းအောက်က မိန်းကလေးတစ်ယောက်ရဲ့မျက်နှာမှာ ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေသည်..။ တွန့်ချိုးနေတဲ့ နှုတ်ခမ်းသားတွေဟာ မျက်ဝန်းတွေကိုပြုံးစေ၏..။
ရေချိုးအဝတ်အစားလဲပြီးသွားတဲ့နောက်မှာတော့ ဆံပင်ရေဆိုတွေကိုသုတ်ရင်း Moဆီသို့ဖုန်းခေါ်လိုက်သည်..။
Du>> Du >> Du >>
ကုတင်ဘေး စားပွဲပေါ်က ဖုန်းရဲ့တုန်ခါမှုကြောင့် Mo ဖုန်းကိုလှမ်းယူလိုက်ပြီး မျက်လုံးတွေကို ဖွင့်ကာ နာမည်ကိုတစ်ချက်ကြည့်လိုက်သည်..။
" Tzuပြော.."
" Mo unnie ဒီနေ့အစီအစဉ်တွေအားလုံးကို ဖြတ်ပေးပါ.."
ပြန်မှိတ်ဖို့ပြင်နေတဲ့မျက်ဝန်းတွေဟာ Tzuစကားကြောင့် ပြူးကျယ်လာခဲ့ပြီး ထဖို့စိတ်ကူးတောင်မရှိတဲ့ ကိုယ်ခန္ဓာဟာ ချက်ချင်းဆိုသလို ထထိုင်လာသည်..။
" တစ်ကယ်လား!.."
" ဟုတ်ကဲ့.. Somiကို ဒီနေ့နားရက်ပေးလိုက်ပါ.. Mo unnieလည်း Tzuဆီလာစရာမလိုဘူး.. ကောင်းကောင်းအနားယူပါ.."
" ကျေးဇူးဘဲTzu.. unnieလည်း ဒီနေ့ unnie ommaနဲ့ ဂျောင်ဂျူကိုသွားမလို့.. ပြန်လာရင် Tzuအတွက် လက်ဆောင်ဝယ်လာခဲ့မယ်.."
" ဟုတ်ကဲ့ပါ.. ဒါဘဲနော် Mo unnie.."
" အွန်း.."
📱T.
-
-
-Moကားမောင်းနေရင်းက.......🚗🚗🚗🚗
" ငါ ommaနဲ့ အခု ဂျောင်ဂျူကိုသွားနေတာ ပြန်လာရင် နင့်အတွက် ဘာဝယ်လာခဲ့ပေးရမလဲ.."
KAMU SEDANG MEMBACA
Goodbye single
Fiksi Penggemarငါနင့်အနားမှာ ရှိနေတာကို မုန်းရင် ... နင့်အရှေ့မှာ ရှိနေတာကို နင်မုန်းရင် ... ငါလှည့်ပြန်သွားပြီး နင့်ကိုစောင့်နေပါမယ် ... ဒါပေမဲ့ ငါ့ခံစားချက်ကို မထိန်းချုပ်နိုင်ဘူးဆိုတာ နင်မသိဘူး ... ငါနင့်ကိုချစ်တယ် .. အချိန်တိုင်းနင်...