Goodbye single ( 33 )

291 30 0
                                    

Goodbye single
🐨 Episode ( 33 )

Piano ခလုတ်တွေပေါ်မှာဘဲ မျက်နှာအပ်ပြီး အိပ်ပျော်သွားတဲ့ Sa. သူမ မျက်ဝန်းအိမ်အောက်က မျက်ရည်စတွေဟာ ရေအိုင်ငယ်သဖွယ် ဖြစ်တည်နေပြန်၏ ။ နီမြန်းနေတဲ့ ပါးမို့မို့လေးတွေက သူမရဲ့ ငိုကြွေးခြင်းတွေမှာ နာကျင်မွု လွမ်းဆွတ်မွုတွေ ပါဝင်နေကြောင်း သက်သေပြနေပြန်သည် ။ နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ သူမ ။ သူမရဲ့ စိတ်ဝိညာဉ်တွေဟာ သူမနဲ့အဝေးဆုံးကို လွင့်ပြယ်နေခြင်းမရိှဘဲ သူမရဲ့အနားမှာဘဲ သူမနဲ့အတူ အဖော်သဟဲပြုကာ အိပ်နေလေရဲ့..။ သူမကို ကြည့်ပြီး လရိပ်တွေဟာ တိတ်တဆိတ် ငိုကြွေးနေပြန်သည် ။ တစ်ဖက်က Tzuမှာတော့ တံခါးဘောင်ကိုမှီရင်း လမင်းကြီးကိုကြည့်နေဆဲဖြစ်သည်.. ။ ပါးပြင်ပေါ်က မျက်ရည်စတွေဟာ သူမရဲ့ ကြောက်ရွံ့နေမွုတွေကို ထင်ဟပ်စွာပေါ်လွင်နေပြန်သည် ။

" unnieကို အရမ်းချစ်ခဲ့မိလို့တော့ Tzuအရမ်းမနာကျင်ရဘူး မဟုတ်လား.. Tzuခံစားချက်တွေကို unnieသိအောင် ဖွင့်ပြောချင်ပင်မဲ့ Tzuကြောက်တယ်..ကလေးသာသာ လူတစ်ယောက်ရဲ့ အချစ်ကို unnieလက်ခံမှာ မဟုတ်ဘူးဆိုတာ Tzuသိတယ်.."

-
-
-

" အခုချိန်မှ chae dromကိုပြန်လာတာ Jihyoသိရင် အဆူခံရမှာ မကြောက်ဖူးလား.."

" မကြောက်ပါဘူး..chaeတစ်ယောက်ထဲ ပြန်လာတာမဟုတ်သလို တစ်ယောက်ထဲ မန်နေဂျာမပါဘဲ အပြင်ခိုးထွက်တာမှ မဟုတ်တာ.. MoMo unnieနဲ့ အတူရိှနေတာဘဲဟာ.. Jihyo unnieက chaeကို မဆူလောက်ပါဘူး.."

" ယုံကြည်မွုက အပြည့်ပါလား.."

"100 % "

" Dormကိုရောက်ပြီဆိုတော့ unnieပြန်တော့မယ်.. "

Chaeနဲ့Moစကားပြောရင်း နောက်ဆုံး chaeနေသည့် dorm အရေှ့သို့ ရောက်လာခဲ့သည် ။

" ဒီနေ့ chaeနဲ့အတူ အချိန်ကုန်ပေးခဲ့တဲ့အတွက် MoMo unnieကို ကျေးဇူးတင်ပါတယ်.."

" မလိုပါဘူး..Tzuမရိှတော့ unnieလည်း ပျင်းနေတာ.. chaeကြောင့် unnie ဒီနေ့ ပျော်ခဲ့ရပါတယ်.. အထဲဝင်တော့နော် Unnieပြန်တော့မယ်.."

Chaeကိုနွုတ်ဆက်ပြီး ပြန်သွားတဲ့ Moရဲ့ ကျောပြင်ကို chaeကြည့်နေရင်း.......

Goodbye singleWhere stories live. Discover now