Goodbye single
🐨 Episode ( 36 )" Hirai MoMo... "
အသက် 29 နှစ်အရွယ် အမျိုးသမီးတစ်ယောက်က သူမဘေးမှာ ထိုင်နေတဲ့ နှစ်နှစ်သမီးအရွယ် ကလေးငယ်လေးကို ညင်သာစွာ ခေါ်လိုက်တော့ ထိုကလေးငယ်က
" ရှင်.. "
" ဟိုးးး..အရှေ့မှာ မြင်နေရတဲ့ ပင်လယ်ကြီးက လှလား.."
Mrs.Hirai လက်ညိုးထိုးပြလိုက်တဲ့ နေရာကို MoMoကြည့် လိုက်တယ် ပင်လယ်လို့ခေါ်တဲ့ ရေပြင်ကျယ်ကြီးကို သူမ မြင်တွေ့လိုက်ရတယ်..။ အဝေးကြီးမှာ ရှိနေတာတောင် မျက်စိတစ်ဆုံး ထိုရေပြင်ကျယ်ကြီးကိုဘဲ သူမမြင်နေရသည်မို့ ကောင်းကင်ဆိုတဲ့ အရာကို သူမ မော့ကြည့်လိုက်တယ်..။ လှုပ်ရှားလာတဲ့ သူမရဲ့နှုတ်ခမ်းသားတွေဟာ စကားအချို့ပြောလာတယ်..။
" ဟုတ် လှတယ် မေမေ.."
" ပင်လယ်ကြီးက ဘယ်လောက်ဘဲလှလှ ကောင်းကင်ကြီးနဲ့ တူတဲ့ မေမေ့ရဲ့အလှကို သူမမှီဘူး.. ဖေဖေက ပင်လယ်ကြီးဆို မေမေနဲ့ လိုက်ဖက်မှုသိပ်မရှိဘူး.. " * mind *
ပြုံးနေတဲ့ ကလေးငယ်ဟာ အဲ့ဒိလိုမျိုး တွေးလိုက်တယ်..။
" မေမေနဲ့ဖေဖေက Hiraiလေး အတွက် ပင်လယ်ပြင်ကြီးလောက်ဘဲ လှပခဲ့မှာပေါ့.. "
" မေမေကတော့ ကောင်းကင်ကြီးလောက်လှပါတယ်..ဖေဖေက သမီးလက်ထဲက သစ်ရွက်ကလေးလောက်တော့ လှပခဲ့ဖူးပါတယ်.." * mind *
" Hiraiလေး အရွယ်ရောက်လာတဲ့ တစ်နေ့ကျရင် မေမေတို့ ပင်လယ်ကိုအတူတူသွားရအောင်.. ဖေဖေရယ်မေမေရယ် Hiraiလေးရယ်.. "
" အိမ်မက်အရှည်ကြီးကို သမီးမြင်မမက်ချင်ဘူး မေမေ.."
ကလေးငယ်ဟာ မထင်မှတ်ဘဲ အသံထွက်ပြီးး ထိုစကားကိုပြော လိုက်မိတယ်..။ ပြောလိုက်မိတဲ့ သူ့ကိုသူလဲ အံ့သြသွားတယ် ထင်ပါရဲ့..။ ကြောက်ရွံ့ထိတ်လန့်သွားတဲ့ မျက်ဝန်းတစ်စုံမှာ ဝဲတတ်လာတဲ့ မျက်ရည်စတွေကို Mrs. Hiraiမြင်တွေ့လိုက်ရတော့.. ....
" အကြာကြီး အိပ်မနေချင်လို့ပါ.."
တွန့်ချိုးသွားတဲ့ နှုတ်ခမ်းငယ်ကြောင့် မျက်ဝန်းအိမ်က မျက်ရည်စအချို့်လျှံကျလာတယ်..။ သူမလဲ ထပ်တူ မျက်ရည်တွေ ကျလာခဲ့တယ်..အခန်းတစ်ခုအတွင်းမှာ လဲလျောင်းနေတဲ့ Mrs. Hirai အနေနဲ့ပေါ့..။ ဖွင့်လာတဲ့ မျက်ဝန်းတွေဟာ ဝေဝါးနေတဲ့ ပုံရိပ်တွေကို စတင်မြင်တွေ့လာရသည်..။ အဖြူရောင် မျက်နှာကျက်ဟာ သူမ အမြင်မှာ ပထမဆုံး ထင်ရှားလာသည်..။ အခန်းတံခါးပွင့်သံကိုပါ သူမ တစ်ချိန်ထဲကြားလိုက်ရသည်..။
ခြေသံသဲ့သဲ့ဟာ ရင်းနှီးမှုတော့သိပ်မရှိဘူး.. ဒါပေမယ့် ဘယ်သူ့ခြေသံဆိုတာ သူမ သိနေသလို သူမ မျက်ဝန်းတွေကို ပြန်မှိတ်လိုက်သည်..။

YOU ARE READING
Goodbye single
Fanfictionငါနင့်အနားမှာ ရှိနေတာကို မုန်းရင် ... နင့်အရှေ့မှာ ရှိနေတာကို နင်မုန်းရင် ... ငါလှည့်ပြန်သွားပြီး နင့်ကိုစောင့်နေပါမယ် ... ဒါပေမဲ့ ငါ့ခံစားချက်ကို မထိန်းချုပ်နိုင်ဘူးဆိုတာ နင်မသိဘူး ... ငါနင့်ကိုချစ်တယ် .. အချိန်တိုင်းနင်...