Goodbye single ( 26 )

268 27 0
                                    

Goodbye single
🐨 Episode ( 26 )

" မ​တွေ့တာကြာပြီ​နော်​ O..mma. ​နေ​ကောင်​းတ ယ်​မဟုတ်​လား .. အခုလို ပုံစံမျိုးကိုမြင်​ချင်​ခဲ့တာမှ မဟုတ်​တာ .. ဘာလို့လဲ .. ဘာလို့ ​နေမ​ကောင်​းဖြစ်​ ​နေတာကို အရင်​ထဲက Moကိုမ​ပြောပြခဲ့ရတာလဲ."

လက်​ထဲက ပန်​းစည်​းကို တင်​း​နေ​အောင်​ သူမဆုပ်​ကိုင်​လိုက်​ရင်​း ကျလုဆဲဆဲမျက်​ရည်​​တွေကို ဥ​ပေက္ခာ ပြုနိုင်​ဖို့ကြိုးစား​နေမိ​ပေမဲ့ နာကျင်​မွုအပိုင်​းအစ​တွေက အစိုင်​အခဲတစ်​ခုလို စု​ဝေးလာ​တော့ လျှံကျလာတဲ့ မျက်​ရည်​စ​တွေနဲ့အတူ သူမပခုံးသား​လေး​တွေ တုန်​တုန်​တတ်​လာသည်​..။

ဘယ်​ဘက်​လက်​ဖဝါး ( လက်​​ချောင်​းတို့ )ဖြင်​့ ပါးစပ်​ကိုပိတ်​ရင်​း.......၊ သူမ မျက်​နှာ အနှ့ံကို ပွတ်​ဆွဲ​နေမိသည်​..။ နာကျင်​မွု​တွေကို ထိမ်​းကွပ်​ရင်​း ​လေသံ တိုးတိုးငင်​ငင်​​လေးထွက်​လာနိုင်​ဖို့အတွက်​ပင်​ သူမခဲရင်​းစွာ အားယူ​နေရသည်​..။

" ​တော်​ပါ​တော့ .. အချိန်​​တွေလဲကြာခဲ့ပြီ​လေ .. အခုထိ .. .. အခုထိ .. .. .. .. သနားစရာ​ကောင်​း​အောင်​ ဘာလို့လုပ်​​နေ​သေးတာလဲ .. Moက Ommaတို့​မွေးထားတဲ့ က​လေးမှဟုတ်​ရဲ့လား.."

Momo's POV

ကျွန်​မလက်​ထဲမှာ ဆုပ်​ကိုင်​ထားတဲ့ ပန်​းစည်​းလို လွွတ်​မချရက်​ခဲ့ဘူး .. ကျွန်​မရဲ့ အနာတရ​တွေနဲ့ ပြည်​့
နှက်​​နေခဲ့တဲ့ အတိတ်​က အ​ကြောင်​းအရာ​တွေ အားလုံးကို လွွတ်​မချရက်​ခဲ့ဘူး..။

အဲ့ဒိအနာတရ​တွေ ပြီးဆုံးသွားဖို့ ဆု​တောင်​း​နေမိတာ နှလုံးအိမ်​က မျက်​ရည်​​တွေလဲ ​ဝေ့ဝဲလို့ ၊ ခန္ဓာကိုယ်​အတွင်​းက ဆဲလ်​​တွေ​ရော ၊ တစ်​ရှူး​တွေပါ ရစရာမရိှ​အောင်​ ​ပေါက်​ထွက်​ စုတ်​ပြဲလို့​နေပါပြီ..။

ဆု​တောင်​း​ပေမယ်​့ မပြည်​့နိုင်​ခဲ့တဲ့ ဆု​တောင်​းသံ​တွေလဲ ပ့ံတင်​ထပ်​လို့..၊ ကြယ်​​တွေ​ကြွေပါတယ်​ .. ဆု​တောင်​း​တွေ ပြည်​့မလာခဲ့​ပေမယ်​့လို့ ..။ ကြယ်​​တွေ​တော့ တစ်​စင်​းပြီးတစ်​စင်​း​ကြွေ​နေတာဘဲ..။ အဲ့ကြယ်​​က​လေး​တွေကို ​မေးချင်​မိပါရဲ့ အခြားသူ​တွေရဲ့ ဆု​တောင်​း​တွေကို ပြည်​့​အောင်​ဖြည်​့ဆည်​း​ပေး​နေရလို့ ကျွန်​မရဲ့ဆု​တောင်​း​တွေ ၊ ဆန္ဒ​တွေ မပြည်​့ဝရတာလား ၊ ဖြစ်​မလာရတာလားလို့..။

Goodbye singleHikayelerin yaşadığı yer. Şimdi keşfedin