Goodbye single
🐨 Episode ( 11 )" နာကျင်နေတဲ့ လူသားတစ်ယောက်ရဲ့ နှလုံးသားနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ် မြူ မှုန်တစ်မှုန်စာတောင်မရှိပါဘူး .. "
" .. .. ..အနည်းငယ်တော့ နာကျင်ရတာဘဲ မဟုတ်လား .. "
" ...... "
Tzuမျက်ဝန်းအိမ်ကိုကြည့်နေတဲ့ သူမရဲ့မျက်လုံးတွေကို အကြည့်လွှဲလိုက်ကာ ခပ်သဲ့သဲ့လေးပြုံးလို က်မိသည်..။
-
-
-" ဒါနဲ့ Unnie .. ကားသမားကရော ထောင်ကျသွားလား.. "
ရုတ်တရက်ဆိုလာသည့်Tzuစကားကြောင့် Mo ဘေးဘီကို ကြည့်လိုက်မိ၏ .......
" Saအနားမှာ ရှိနေတဲ့အခါ ဒီအကြောင်းတွေ မမေးမိစေနဲ့နော် Tzu.. "
Tzu အိမ်တံခါးဝလေးကို လှည့်ကြည့်ကာ.....
" Tzuနားလည်ပါတယ် .. အခုချိန် Sa unnieက သူ့အလုပ်ခန်းထဲမှာဘဲ ရှိနေမှာပါ .. "
Mo သူမရဲ့ ညာဘက်လက်ချောင်းလေးတွေကို ပွတ်သပ်ရင်း... သက်ပြင်းတိုတို တစ်ချက်ချကာ
" ဟွန်း.. " ......." ကားသမားက စိတ်ရောဂါဝေသနာရှင် တစ်ယောက်လေ .. အဲ့နေက ဆေးရုံကနေထွက်ပြေးလာ တာလို့ပြောတယ် .. ထောင်တော့မကျပါဘူး .. သူ့မိဘတွေ ဒဏ်ငွေတော့ ဆောင်လိုက်ရတယ် "
" Mina unnie သနားပါတယ် .. ဒါတွေအား လုံးကဖြစ်ချိန်တန်လို့ ဖြစ်လာခဲ့တာလို့ဘဲ သဘောထားလိုက်ပါ .. Unnieကြောင့်ဆိုတဲ့ တစ်ယူသန်စိတ်ကြီးကိုလဲ မေ့ပစ်လိုက်ပါနော် .. Tzu ပြောချင်တာကို နားလည်တယ်မဟုတ်လား Unnie "
Mo ပခုံးကိုကိုင်ကာ နှစ်သိမ့်သည့် သဘောဖြင့် Tzuပြောလာခြင်းဖြစ်သည်..။
-
-
-ရွေ့လျားသွားလာနေတဲ့ တိမ်တိုက်တို့်နဲ့အတူ အိပ်တန်းဝင် ငှက်ကလေးတို့ ကောင်းကင်ယံ၌ ပျံဝဲသွား သည့်နောက် .. ဆန္ဒာလမင်းကြီးက ထိန်ထိန်သာလျက် ထွက်ပေါ်လာခဲ့လေပြီ.......

YOU ARE READING
Goodbye single
Fanfictionငါနင့်အနားမှာ ရှိနေတာကို မုန်းရင် ... နင့်အရှေ့မှာ ရှိနေတာကို နင်မုန်းရင် ... ငါလှည့်ပြန်သွားပြီး နင့်ကိုစောင့်နေပါမယ် ... ဒါပေမဲ့ ငါ့ခံစားချက်ကို မထိန်းချုပ်နိုင်ဘူးဆိုတာ နင်မသိဘူး ... ငါနင့်ကိုချစ်တယ် .. အချိန်တိုင်းနင်...