Goodbye single
🐨 Episode ( 31 )သူမရဲ့လက်ကို နွေးထွေးစွာ ဆုပ်ကိုင်ထားရင်း အရေှ့ကနေ ဦးဆောင်ခေါ်သွားနေသည့် သူမသိပ်ချစ်ရပါသော၊မြတ်နိုးရပါ သော မိန်းကလေးနောက်သို့ သူမလိုက်နေခဲ့မိသည်..။ ဆေးရုံအပြင် သူမတို့နှစ်ယောက် ပြန်ထွက်လာတော့ မိုးကအတော်လေးကို မေှာင်နေပြီဖြစ်၏..။ မည်းမေှာင်နေတဲ့ ကောင်းကင်ပြင်ကျယ်ကြီးအောက် ရပ်တန့်သွားတဲ့ Saရဲ့ခြေလှမ်းတွေကြောင့် သူမခြေလှမ်းတွေပါ အလိုလိုရပ်တန့့်လိုက်မိသည်..။ ကောင်းကင်ကြီးကိုမော့ကြည့်လိုက်ပြီးနောက် သူမဆီသို့ အကြည့်လွွဲလာခဲ့သည့် Saရဲ့မျက်နှာမှာတော့ အပြုံးရိပ်တို့သန်းနေလေ၏..။ နွုတ်ခမ်းလေးတွန့်ချိုးကာ မျက်လုံးလေးတွေမေှးနေသည်အထိ အလှဆုံးအပြုံးနေတဲ့ Saရဲ့အပြုံးတွေမှာ ဒီနေ့လိုညလောက် လှပစွာ သူမတစ်ခါးမှ မြင်မတွေ့ခဲ့ံရဖူးပေ...။ ထိုအပြုံးတွနဲ့ အပြိုင် အလှဆုံးဖြစ်နေတဲ့ Saအား သူမ မမှိန်မသုန်း ငေးကြည့်နေမိသည်..။
ဝေ့ဝဲတိုက်ခတ်နေတဲ့ ချမ်းစိမ့်စိမ့်လေညင်းအေးအေးလေးတွေကိုလည်း သူမဂရုပြုမအားတော့..။" ကောင်းကင်ကြီးကို ကြည့်လိုက် .. ဒီညကောင်းကင်မှာ ကြယ်ကလေးတွေ အများကြီးပဲ Tzuရဲ့ .. လှတယ်မဟုတ်လား.. "
" ဟုတ်ကဲ့ .. အရမ်းလှတယ်.. "
ကောင်းကင်ကြီးကိုတော့ သူမခဏမျှသာမော့ကြည့်လိုက်မိသည်..။ ကောင်းကင်ပြင်က ကြယ်တွေကို ငေးမောကြည့်ပြီး ပြုံးနေတဲ့ သူမအရေှ့ မိန်းကလေးကိုသာ သူမပြန်လည်ငေးမောကြည့်ရင်း အဖြေကိုပြန်ပေးခဲ့မိသည်..။ " ဝမ်းနည်းနေတဲ့အခါ ကြယ်ကလေးတွေကို ကြည့်ရတယ်တဲ့ .. ကြယ်ကလေးတွေက ဝမ်းနည်းစိတ်တွေကို ကုစားပေး နိုင်တယ်တဲ့လေ.. "
" ဟုတ်လား.. ဘယ်သူပြောတာလဲ.. "
" Unnieပြောတာလေ.. ဟီး.. "
ESTÁS LEYENDO
Goodbye single
Fanficငါနင့်အနားမှာ ရှိနေတာကို မုန်းရင် ... နင့်အရှေ့မှာ ရှိနေတာကို နင်မုန်းရင် ... ငါလှည့်ပြန်သွားပြီး နင့်ကိုစောင့်နေပါမယ် ... ဒါပေမဲ့ ငါ့ခံစားချက်ကို မထိန်းချုပ်နိုင်ဘူးဆိုတာ နင်မသိဘူး ... ငါနင့်ကိုချစ်တယ် .. အချိန်တိုင်းနင်...