Goodbye single ( 34 )

811 80 11
                                    

Goodbye single
🐨 Episode ( 34 )

ဒီနေ့အတွက် chaeသူမအဖွဲ့က member unnieတွေနဲ့ trainingဆင်းပြီး နားနေခန်းကို ပြန်အလာ ကြမ်းပြင်မှာ အနီရောင် အကွက်အဇာတ်တွေကို တွေ့လိုက်ရသည်..။ member unnieတွေကိုကြည့်လိုက်တော့ သူမနဲ့ခပ်လှမ်းလှမ်းမှာ ရောက်နေလေပြီမို့ chaeထိုအနီရောက် အဇာတ်တွေကိုပြန်ကြည့်လိုက်သည်..။

" ဘာတွေ စွန်းနေတာလဲ.."

တစ်ဇာတ်မကသော အဇာတ်ပေါင်းများစွာရဲ့တည်ရှိမှုကို လိုက်ကြည့်လိုက်တော့ သူမ အရမ်းရင်းနှီးနေတဲ့သူရဲ့ကျောပြင်ကို မြင်တွေ့လိုက်ရသည်..။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြန်တော့ ထိုနေရာမှာ သူမနဲ့ထိုမိန်းကလေးကလွဲ၍ မည်သူတစ်ဦးတစ်ယောက်ရဲ့ အရိပ်ကိုမျှ မတွေ့ရ..။

" MoMo unnie.. မဟုတ်လောက်ပါဘူး.. ဒီသွေးဇာတ်တွေက unnieဆီက မဖြစ်နိုင်ပါဘူး.."

သိချင်စိတ်နဲ့ Moအရှေ့ကို သူမရောက်ရှိလာခဲ့ပေမယ့် သူမရင်ခွင်ထဲ မှီလဲကျလာသည့် Moကြောင့်တော့ သူမ ထိတ်လန့်သွားခဲ့သည်..။

" Unnie.. MoMo unnie.. chae ခေါ်နေတာကြားလား.. MoMo unnie.."

သတိလစ်မသွားခင် Mo သူမမှာရှိသမျှ လက်ကျန်ခွန်အားတွေကိုအသုံးပြုပြီး chaeလက်မောင်းတွေကို ဆုပ်ကိုင်လိုက်ရင်း.....

" အောက်မှာ unnie ကား ရှိ တယ်.. G I M C ဆေး ရုံ ကို ခေါ် သွား ပေး ပါ..အ ခန်း နံ ပါတ် 2 0 4 "

ဆုပ်ကိုင်ခံထားရတဲ့ သူမလက်မောင်းက ထိတွေ့မှုတွေဟာ အခုတော့ လေဟာနယ်ကို ဖြတ်ပြီးအောက်ကိုကျသွားတဲ့ လက်တွေနဲ့အတူ တင်းကျပ်စွားဆုပ်ကိုင်ထားခွရခြင်းကနေ လွတ်မြောက်သွားခဲ့တယ်..။

-
-
-

Moပြောတဲ့အတိုင်း chae GIMCဆေးရုံသို့ရောက်လာခဲ့သည်..။ ကားခါးပတ်ကို ဖြုတ်ပြီးတာနဲ့ chaeဦးထုပ်ကို မျက်လုံးတွေ ဖုံးသွားသည်ထိအောင် ဆွဲချလိုက်ပြီးတဲ့နောက်မှည ကားပေါ်ကနေဆင်းလာခဲ့ပြီး Moရှိနေတဲ့ဘက်ကို လျှောက်လာကာ ကားတံခါးကိုဖွင့်လိုက်သည်..။Moကိုယ်မှာ ပတ်ထားတဲ့ ကားခါးပတ်ကိုဖြုတ်လိုက်ပြီး သွေးတွေပေနေတဲ့ Moလက်တစ်ဖက်ကို chaeညင်သာစွာ ဆုပ်ကိုင်လိုက်သည်..။ သူမကိုကြည့်နေချင်းမရှိတဲ့ မျက်ဝန်းတစ်စုံကို သူမကြည့်လိုက်ပြီး.........

Goodbye singleDonde viven las historias. Descúbrelo ahora