Goodbye single ( 8 )

1.2K 102 7
                                    

Goodbye single
🐨 Episode ( 8 )

Sa ကာတွန်းကား ကြည့်​ပြီး အိပ်​ခန်းထဲကို ​ရောက်​လာ​တော့ ကုတင်​​ဘောင်​ကို မှီရင်း အိပ်​​ပျော်​​နေသည့်​ Tzu ကို​တွေ့လိုက်​ရသည်​..။

လက်​ထဲက ကိုင်​ထားတဲ့ စာအုပ်​​လေးကို Sa အသာယူရင်း စာအုပ်​မျက်​နှာဖုံး​လေးကို တစ်​ချက်​ကြည့်​လိုက်​သည်​ ထို့​နောက်​ အခန်းထဲက စာအုပ်​စင်​​လေးမှာ သူ့​နေရာသူ ပြန်​ထားလိုက်​ပြီး ကုတင်​​ပေါ်သို့တက်​ရန်​ ပြင်​လိုက်​သည်​..။

ကုတင်​ကိုမှီရင်း ​ခေါင်း​လေးယိုင်​တိုင်​ယိုင်​တိုင်​နဲ့ အိပ်​​ပျော်​​နေတဲ့ Tzuကိုကြည့်​ပြီး Tzuအနားသို့ပြန်​​လျှောက်​လာကာ Tzu ​ခြေ​ထောက်​အ​ပေါ်က ​စောင်​ကိုဖယ်​လိုက်​ပြီး Tzu ကို ​ပွေ့ချီလိုက်​သည်..( အဲ့လို အား​တွေရှိတာ 😍 )

အိပ်​ယာအထက်​ ​သေချာလှဲ​ပေးလိုက်​ကာ ကိုယ်​​ပေါ် ​စောင်​​လေး ​သေချာပြန်​ခြုံ​ပေးပြီး​နောက်​ Sa ​စောင်​တစ်​ထည်​ကို ​ဗီရိုရဲ့ ​အောက်​အံဆွဲ​လေးထဲက​နေ ယူလိုက်​သည်​..။

ထို့​နောက်​ Tzu​ဘေးက လွတ်​​နေတဲ့ ​နေရာ​လေးမှာ ဝင်​အိပ်​လိုက်​သည်​..မကြာပါဘူး Sa မျက်​ဝန်းမှ မျက်​ရည်​တို့ စီးကျလာခဲ့သည်​.. စိတ်​ထဲမှ

" နင်​မရှိတဲ့ ​နောက်​ဒီ​ဆောင်းည​တွေက ငါ့အတွက်​ အရမ်းကို အထီးကျန်​​စေပြီး အ​သွေးအသားထဲထိ စိမ့်​​အေး​စေခဲ့တယ်​ .. ဒီညမှာ​တော့ ငါ့​ဘေးက က​လေးမ​လေး​ကြောင့်​ ငါ​နွေး​ထွေးမှု​တွေကို ခံစား​နေရတယ်​ .. သူငါ့အနားမှာရှိ​နေချင်းက နင်​ငါ့အနားမှာ ရှိ​နေသလိုဘဲ .. .. ... ... .. အရမ်းလွမ်း တယ်​ .. "

မျက်​ရည်​တို့​ကို Sa ခပ်​ဖွဖွသုတ်​လိုက်​ပြီး Saအ​ရှေ့က အ​မှောင်​ထဲက နံရံကို ကြည့်​​နေသည်​..။
ခဏအကြာTzuနိုးလာတာကို Saသိလိုက်​သည်​.. ။

... ... ... ... ... Sa-Tzuဘက်​သို့ လှည့်​လိုက်​ပြီး မျက်​လုံးတို့ကို ဖြည်းညင်းစွာ ဖွင့်​လိုက်​​တော့ အခန်းပြတင်း​ပေါက်​က​နေ ဝင်​​ရောက်​​နေသည့်​ လမင်းကြီး၏ မှိန်​ပျပျ အလင်း​ရောင်​ နဲ့အတူ Tzu ရဲ့ မျက်​ဝန်းအကြည့်​တို့နဲ့ ဆုံသွားသည်​..။

Goodbye singleحيث تعيش القصص. اكتشف الآن