Goodbye single
🐨 Episode ( 16 )Saကျောပြင်လေးကိုဘဲ တစ်သက်မတ်တည်း စိုက်ကြည့်နေမိ့တဲ သူမရဲ့မျက်ဝန်းအိမ်လေးထဲ၌ မျက်ရည်စလေးများက ရစ်ဝဲလို့လာသည်..။ ဘယ်ဘက်ရင်အုံလေး၌ နာကျင်မှုသဲ့သဲ့လေးက တဖန် ခံစားရမိ ပြန်တော့ သူမရဲ့ နာကျင်စပြုနေတဲ့ နှလုံးသားလေးရှိ ရာ ဘယ်ဘက်ရင်အုံးလေးကို ဖိကိုင်လိုက်ရင်း မျက်တောင်လေး ပုတ်ခက်ပုတ်ခက်ဖြင့် အကြည့်တို့ကို မြေပြင်ပေါ်က သူမဖိနပ်လေးဆီသို့ လွှဲလိုက်မိသည့်နောက်တော့ အချစ်ဆိုတဲ့အရာကို သူမစတင်ခံစားနေမိကြောင်း ကိုယ့်ကိုယ်ကို ဝန်းခံဖို့ ငြင်းဆန်နေမိပြန်သည်..။
" မဟုတ်ဘူး .. မဟုတ်ဘူး .. ငါခံစားနေရတာ ဒီအတိုင်း .. ဒီအတိုင်း .. အကြောင်းပြချက် မရှိသေးတဲ့ ခံစားမှုသက်သက် တစ်ခုပါ .. " *mind*
" Miyan .. ရေခဲမုန့်ဆိုင်မှာ လူတွေအရမ်းများနေလို့ နဲနဲကြာသွားတယ်.. "
Moရဲ့ စကားသံကြောင့် Tzu အတွေးကမ္ဘာလေး လွင့်စင်သွားခဲ့ရသည်..။
တဖန် ပြန်ပြီး ဘေးကိုစောင်းငဲ့ကြည့်မိတော့ Moက သူမကို ရေခဲမုန့်လေးတစ်ခု ကမ်းပေးလာသည်မို့ သူမပြုံးပြရင်း ယူလိုက်မိသည်..။
-
-
-အခု သူမတို့သုံးယောက်ရောက်နေတာက ရုပ်ရှင်ရုံ တစ်ခု၌ .......
အမှောင်ချထားသည့် အခန်းအတွင်းမှာတော့ အသံတိတ်စွာ အဆင့်ကျော်ပြီး အလုပ်လုပ်နေတဲ့ နှလုံးသားလေးတစ်စုံရှိနေခဲ့သည်ကိုတော့ သူမတို့မသိလိုက်..။
Moနဲ့Tzu ရဲ့အကြည့်တွေ အရှေ့က ကြီးမားတဲ့ ဖန်သားပြင်တစ်ခုမှာ ရှိနေသော်လည်း Saကတော့ မျက်လွှာချရင်း အိပ်နေသည်..။ အသံတွေကို မကြားနိုင်ဖို့ အတင်းအာရုံလွှဲထားမိပြန်သည်..။
" ငါတို့ ချစ်သူတွေလုပ်မလား .. မဟုတ်သေးဘူး .. ငါ့ကောင်မလေးလုပ်ပေးပါလား Sa.. "

STAI LEGGENDO
Goodbye single
Fanfictionငါနင့်အနားမှာ ရှိနေတာကို မုန်းရင် ... နင့်အရှေ့မှာ ရှိနေတာကို နင်မုန်းရင် ... ငါလှည့်ပြန်သွားပြီး နင့်ကိုစောင့်နေပါမယ် ... ဒါပေမဲ့ ငါ့ခံစားချက်ကို မထိန်းချုပ်နိုင်ဘူးဆိုတာ နင်မသိဘူး ... ငါနင့်ကိုချစ်တယ် .. အချိန်တိုင်းနင်...