Goodbye single ( 18 )

274 30 0
                                    

Goodbye single
🐨 Episode ( 18 )

Tzuyu's POV

က​လေးငယ်​ငယ်​​လေး​တွေမှာ အများဆုံးဖြစ်​​လေ့ဖြစ်​ထရိှတဲ့ ချစ်​စရာအကျင်​့​လေးတစ်​ခုရိှတယ်​ .. အဲ့ဒါက ဘာလဲဆို​တော့ ငို​နေရင်​းအိပ်​​ပျော်​သွားတတ်​တဲ့ အကျင်​့​လေး​တွေ.. ။

အခု သူမကို ထိုက​လေး​လေး​တွေနဲ့ နွိုင်​ယှဉ်​ရမလို ဖြစ်​​နေပြီ .. ။

" Unnie အိမ်​ပြန်​ရ​အောင်​ .. အရမ်​း​အေးလာပြီ .. ဒီအတိုင်​းဆက်​ထိုင်​​နေရင်​ ​နေမ​ကောင်​းဖြစ်​လိမ့်​့မယ်​.. "

" ....... "

စကားပြန်​မလာပါလားဆိုပြီး ​တွေး​နေတာ သူမကို ကြည်​့မိလိုက်​​တော့မှဘဲ ကိုယ်​့အ​တွေးကိုရယ်​ချင်​ သွားတယ်​..။

​ဘေးနားမှာ ထိုင်​​နေတဲ့ သူမက အိပ်​​ပျော်​​နေသည်​​လေ..။

အရမ်​း​အေး​နေလို့ထင်​ပါရဲ့ ကိုယ်​​လေးကိုကျုံ့ပြီး ထိုင်​ရင်​း အိပ်​​ပျော်​​နေတဲ့ သူမရဲ့ပုံစံက အရမ်​းကို ချစ်​စရာ​ကောင်​း​နေပြန်​​ရော .. ကိုယ်​ကဘဲ ချစ်​မိ​နေလို့လား​တော့မသိဘူး .. သူမရဲ့ အပြု မူတိုင်​းက ချစ်​စရာ​ကောင်​းလွန်​း​နေသည်​​လေ..။

ကိုယ်​့အ​တွေးနဲ့ကိုယ်​ပြုံးပြီး ​မြေပြင်​ကိုကြည်​့မိ​ပြန်​တော့ သူမရဲ့ ​လျော့ယဲ​နေတဲ့ ဖိနပ်​ကြိုး​လေးက ကိုယ်​့ကို ချစ်​စဖွယ်​ပြုံးုပြ​နေသလို ခံစားမိပြန်​​ရော..။

​လျော့ယဲ​နေတဲ့ ဖိနပ်​ကြိုး​လေးကို တင်​းတင်​းပြန်​ချည်​ ​ပေးပြီး​နောက်​​တော့ သူမကို ​မော့ကြည်​့လိုက်​မိသည်​..။

ငိုထားတာ​ကြောင်​့ မျက်​နှာ​လေးမို့အစ်​​​နေပြီး နီရဲ​နေတဲ့ သူမနှာ​ခေါင်​း​လေးကို အသည်​းယားလွန်​း၍ ဆွဲညှစ်​ပစ်​လိုက်​ချင်​မိသည်​..။

" Unnie .. အိမ်​ပြန်​ရ​အောင်​ ထ​တော့​နော်​.. "

အိပ်​​ပျော်​​နေတဲ့ သူမကိုလွုပ်​နိုးမိတဲ့ကိုယ်​့ကိုယ်​ဘဲ အပြစ်​တင်​ရမလား ​ကျေးဇူးဘဲတင်​ရမလား​တော့မသိ Tzuရဲ့ ပခုံးအထက်​ သူမနဖူး​လေး​ရောက်​လာခဲ့သည်​​လေ..။

Goodbye singleOnde histórias criam vida. Descubra agora