Goodbye single ( 42 - Final )

1.9K 74 0
                                    

Goodbye single
🐨 Last Episode ( 42 )

ဆိုးလ်တက္ကသိုလ်ကျောင်းဝန်းထဲက တစ်နေရာမှာ Moရပ်နေတုန်း သူမအနားသို့ ရောက်လာသူက Bam.

" ကျွန်တော်ရောက်ပါပြီ မမလေး.."

ပြေးလာပုံရတဲ့ Bamပုံစံကို Moကြည့်ရင်း...

" အကျႌကိုသေချာ ဆွဲချလိုက်ပါအုံး.."

" ဟုတ်ကဲ့.."

အနည်းငယ် ရွဲ့နေတဲ့ အကျႌကို Bamသေချာပြန်လုပ်လိုက်ပြီး ကျောပိုးအိတ်ကို သေချာပြန်ပြင်လွယ်လိုက်သည်..။ ပြီးနောက် Moကိုကြည့်တော့ Moက......

" ဘာလို့ ဒီလိုလုပ်ရတာလဲ.."

" ဗျာ.. ကျွန်တော် ဘာလုပ်မိလို့လဲ.."

ဘာအမှားမှ မလုပ်ထားသလိုမျိုး Bamက ပြန် မေးလာသောကြောင့် သူမ ခဏတွေဝေသွားသည်..။ သူမရဲ့ အဖြေကိုစောင့်နေတဲ့ Bam တစ်ယောက်ကတော့ သူမကို ကြည့်လျှက်........

" မသိဘူးလား.."

" ...... "

" ငါ Hirai groupရဲ့ ဆက်ခံသူလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ.."

" !!! "

" ငါက Hirai groupရဲ့ ဆက်ခံသူဆိုတာ နင် သတင်းရေးလိုက်မယ်ဆိုရင်တော့ နင်ဝင်ငွေပိုရမှာပါ.. သေချာမွုမရိှတဲ့ သတင်းကိုရေးပြီး တစ်ခြားသူဆီက ပိုက်ဆံယူတာတော့ မကောင်းဘူးBam."

" ခဏလေးပါ.. မမလေးအခုပြောနေတာတွေကို ကျွန်တော် နားမလည်ဘူး.."

" ငါသိပါတယ်.. ငါအခုပြောနေတာတွေကို နင်နားမလည်ဘူးဆိုတာ.."

" ဟုတ်ကဲ့.."

" ဒါကြောင့် ကျေးဇူးတင်ပါတယ်.."

" ဗျာ.."

အဆုံးထိ Moပြောနေတာတွေကို Bamနားမလည်ခဲ့ပါ..။ အနားကမောင်းထွက်သွားတဲ့ သူမ ကားကိုသာကြည့်ရင်း Bamခေါင်းလေး ငိုက်စိုက်ကျသွားသည်..။ ပခုံးကအားကို ဖြေလျော့ရင်း အောက်ကိုသာကြည့်ပြီး လမ်းလျေှာက်နေတုန်း Bamပခုံးပေါ်သို့ လက်တစ်ဖက်ရောက်လာသည်..။ ထိုလက်ပိုင်ရှင်ကတော့ Jackson.

" ဘာဖြစ်နေတာလဲ.."

" ဘားမှ မဖြစ်ပါဘူး.."

" ငါမင်းကို ပြောစရာရိှတယ် Bam.. "

Goodbye singleWhere stories live. Discover now