Goodbye single
🐨 Episode ( 12 )နာနေတဲ့ သူမရဲ့ တံတောင်လေးကိုပွတ်ရင်း တစ်နေ့တာကိုအစပြုဖို့ Tzu စတင်လိုက်သည်..။
ရေမိုးချိုးကာ Mo သူမအတွက် ယူလာခဲ့ပေးသည့် အိတ်နှစ်လုံးအနက်မှ အရွယ်စားသေးငယ်သည့် အိတ်ရဲ့ ဇစ်ကို သူမဆွဲဖွင့်လိုက်ပြီးနောက်တော့ မှန်တင်ခုံရှေ့မှာ ကျနစွာထိုင်ရင်း သူမရဲ့ အပစ်ဆိုဖွယ် မရှိသည့် ကလေးမျက်နှာလေးကို ရင့်ကျက်တည်ငြိမ်တဲ့ မိန်းမပျိုလေးအသွင်း ပြောင်းလဲပုံဖော် ခြယ်သလိုက်သည်..။ ထို့နောက် ကိုယ်ပေါ်က အဖြူရောင် ရေချိုးခန်း ဝတ်ဆုံးနေရာ၌ ကြိုမျှင်မျှင်တို့ ပါသည့် လက်ရှည် အဖြူရောင် အင်္ကျီကို သူမရွေးဝတ် လိုက်သည်..။ခြေမျက်စိလောက်ထိ ဖုံးသည့် အဖြူရောင် ဘောင်းဘီရှည် အနည်းငယ်ခပ်ပွပွရွေးဝတ်လိုက်သည်..။ ဆံပင်၏ အောက်ပိုင်းကို အနည်းငယ်လိမ်လိုက်ပြီး ရှေ့သို့ဖြန့်ချထားလိုက်သည်..။
နှုတ်ခမ်းတို့အထပ်၌ ပန်းဆီရောင်ဖျော့ဖျော့ လေးဆိုးလိုက်ပြီး ....... အပေါ်နှုတ်ခမ်းသားနဲ့ အောက်နှုတ်ခမ်းသားကိုထိကာ အနည်းငယ် ရွေ့လျားပေးလိုက်၏..။
အားလုံးပြင်ဆင်ပြီးသွားသည့်အခါ သူမရဲ့ ဘယ်လက်ကောက်ဝတ်က နာရီလေးသံ တစ်ချက်ငုတ်ကြည့်လိုက်တော့ 10:45:02AM .......
သူမထိုင်နေရာကထလိုက်ပြီး ကုတင်ဘက်သို့ စောင်းငဲ့ကြည့်လိုက်တော့ Sa ကအိပ်ပျော်နေဆဲပင်
သူမအောက်ထပ်သို့ဆင်းလာခဲ့ပြီးနောက် မီးဖိုခန်းထဲသို့ ဝင်လာခဲ့သည်..။ ထို့နောက် ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်ပြီးနောက်.......
သူမကိုယ်သူမပြန်ငုံ့ကြည့်လိုက်ပြီး
" အဆင်ပြေမှာပါ.."
ဆံ နွယ်စတို့ကို စုစည်းကာ သူမကိုယ်အထက် ထမင်းဟင်းချက်လျှင်သုံးသည့် ဝတ်စုံငယ်တစ်ခုကို ထပ်ဝတ်ကာ အင်္ကျီလက်စတို့ကို အပေါ်သို့ဆွဲတင်လိုက်ပြီး စားပွဲပေါ် အသင့်နေရာယူထားသည့် ဥ၊ဟင်းသီးဟင်းရွက်၊အသားငါးတို့ကို ရေစင်အောင် ဆေးကြောလိုက်ပြီး နောက် သူမစတင်ချက်ပြုတ်လိုက်သည်..။
![](https://img.wattpad.com/cover/154200188-288-k435733.jpg)
VOCÊ ESTÁ LENDO
Goodbye single
Fanficငါနင့်အနားမှာ ရှိနေတာကို မုန်းရင် ... နင့်အရှေ့မှာ ရှိနေတာကို နင်မုန်းရင် ... ငါလှည့်ပြန်သွားပြီး နင့်ကိုစောင့်နေပါမယ် ... ဒါပေမဲ့ ငါ့ခံစားချက်ကို မထိန်းချုပ်နိုင်ဘူးဆိုတာ နင်မသိဘူး ... ငါနင့်ကိုချစ်တယ် .. အချိန်တိုင်းနင်...