Goodbye single ( 5 )

1.4K 87 10
                                    

Goodbye single
🐨 Episode ( 5 )

🏡🌃

Sana's POV

အိပ်​ရာထဲတွင်​ မျက်​စိကိုစုံမှိတ်​ ထား​သော်​လည်း သူမ မျက်​နှာ​လေးကို စွဲမက်​ဖွယ်​ မြင်​​နေရပြန်​သည်​။ သူမရဲ့  မျက်​ဝန်းကြည်​လဲ့လဲ့​လေး​တွေ ပန်းနု​ရောင်​ နှင်းဆီနှုတ်​ခမ်းအစုံကိုလည်း သတိရပြီး လွမ်းမိ တယ်​ .. ။ ဆံနွယ်​များကို စုစည်းကာ ဦး​ခေါင်းအထက်​ အမြဲလိုလို ​မြောက်​​မြောက်​​လေးစည်းထားတတ်​သည့်​ သူမရဲ့ ရိုးရိုးရှင်းရှင်း အပြစ်​ကင်းစင်​တဲ့ အလှကို အ​တွေးထဲက ​မောင်းထုတ်​ပစ်​လိုက်​ဖို့ဆိုတာ ကျွန်​မ​နာကျင်​ခံစား​နေရတာ​တွေထက်​ အစ​ပေါင်းများစွာ ပိုပြီးနက်​နက်​ရှိုင်းရှိုင်းနဲ့ကို နှလုံးသားအတွင်း မှာစူးနစ်​စွာ နင်​ကျင်​ရသည်​မို့ ​မောင်းမထုတ်​ရက်​...။ ပြတင်းတံခါးက​နေ မြင်​​နေရတဲ့ ​ကောင်​ကင်​မှာလည်း သူမကို မြင်​နေမိသည်​။ ​လမင်းကြီးရဲ့ လင်း​ရောင်​ခြည်​​ကြောင့်​ ကျွန်​မအခန်းတွင်းက မှိန်​ပျပျ အခန်းနံရံမှာလည်း သူမကို ​မြင်​​နေရပြန်​သည်​။ ကြည့်​​လေရာရာ ​ကျွန်​မအခန်းအတွင်းမှာ​လည်း သူမရဲ့ပုံရိပ်​​တွေကို မြင်​​တွေ့​နေရပြန်​၏.. ။ နာကျင်​လွန်းတဲ့နှလုံးသား​လေးကို ဆုတ်​ကိုင်​ရင်း အိပ်​ရာအထပ်​ လူးလှိမ့်​ရ လွန်း၍ အိပ်​ရာခင်းများ ​တွန့်​​ကြေလာသည်​။ ငိုရလွန်း၍ နှာ​ခေါင်းနှင့်​ပင်​ ​လေတို့ကိုရှုချိုက်​၍ မဝသည်​မို့ တင်းတင်း​စေ့ထားတဲ့ နှုတ်​ခမ်း​လေးကို ဖွင့်​ဟကာ အသက်​တို့ပင်​ ရှူ​နေရသည်​။ ​ခြောက်​​သွေ့လာတဲ့ ​အာခေါင်​​ကြောင့်​မို့ ကုတင်​​ဘေးက စားပွဲအထက်​ တင်​ထားသည့်​ ​ရေကို ​သောက်​ရပြန်​သည်​။ ချစ်​ရသူကို လွမ်းဆွတ်​တသစိတ်​က ကျွန်​မကို​ခြောက်​လှန့်​​နေ၍ ​တော်​​တော်​နှင့်​ အိပ်​မ​ပျော်​နိုင်​ဖြစ်​​နေ​လေသည်​။ ကျွန်​မရဲ့ စိတ်​ဝိညာဉ်​တို့က ကျွန်​မ ကိုယ်​တွင်​မရှိဘဲ သူမထံတွင်​ အပြီးအပိုင်​​ရောက်​ရှိ​နေပြီ ထင်​ပါ၏.. ။ ​ အခန်းအတွင်းတိုး​ဝေ့လာသည့်​ ​လေညှင်းတို့​ကြောင့်​ ​အေးစိမ့်​စိမ့်​ ခံစားမှုကိုလဲရပြန်​သည်​။ အင်္ကျီပါးပါးတစ်​ထည်​ကို ကျွန်​မ မည်​သည့်​ စိတ်​ကူးတို့ဖြင့်​ ဝတ်​ခဲ့မိသည်​မသိ..။ ခါတိုင်းအချိန်​​တွေဆို ထိုကဲ့သို့ အင်္ကျီအပါးဝတ်​ရချင်းကို ကျွန်​မ မကြိုက်​ပါ .. ။ ​ပြတင်း​ပေါက်​မှ လှမ်းမြင်​​နေရသည့်​ အမဲ​ရောင်​ ​ကောင်းကင်​ပြင်​ကြီးမှာ​တော့ အဖြူ​ရောင်​ ဖိုးလမင်းကြီးရယ်​ ကြယ်​ပွင့်​က​လေး​တွေက ဖိတ်​ဖိတ်​​တောက်​ကာ ဖျတ်​ဖျတ်​လတ်​လတ်​ နှင့်​ ကြယ်​​တွေစုံသည့်​ ညတစ်​ညဖြစ်​​နေပင်​မဲ့လို့ ကျွန်​မ ရင်ဘက်​​ထဲက နှလုံးသား​လေးမှာ​တော့ နှလုံး​သွေးသို့ စီးဆင်း​နေသည်​မှအပ အသက်​ရှင်​ဖို့အတွက်​ အလုပ်​လုပ်​​ပေး​နေရသည်​မှအပ ဟာလာဟင်းလင်း အတွင်း​ကြေသကဲ့သို့ နာကျင်​မှု​တွေဘဲ ပြည့်​နှက်​​နေသည်​။

Goodbye singleDonde viven las historias. Descúbrelo ahora