Goodbye single
🐨 Episode ( 29 )ကုတင်ခြေရင်းမှာထိုင်ရင်း ကြမ်းပြင်ကို စိတ်လွင့်စွာ တွေတွငေးကြည့်နေတဲ့ Moဆီသို့ Saရေအပြည့့်ပါသည့့် ရေဖန်ခွက်လေးကိုင်ကာ အခန်းအတွင်းသို့ပြန်ရောက်လာခဲ့သည်..။
" ရေသောက်လိုက်အုံး.. "
" ကျေးဇူးပါပဲ.."
Sa ကမ်းပေးနေတဲ့ ဖန်ခွက်ကို Mo လှမ်းယူလိုက်ပြီးနောက် သူမ အပြုံးခပ်ပါးပါးလေးပြုံးရင်း Saကိုကြည့်လိုက်သည်..။ Sa အနေနဲ့ သူမကို ပြန်ပြီး နှစ်သိမ့်ပေးသည့် သဘောမျိုး အပြုံးသေးသေးလေး တောင် မပြုံးပြခဲ့ပေမယ့် မျက်ဝန်းတွေကတစ်ဆင့် သူမအတွက် စိတ်ပူပေးနေတာ မြင်ရရုံနဲ့ သူမအတွက် နှစ်သိမ့်မွုတစ်ခု ၊ ခွန်အားတစ်ခုတော့ ဖြစ်စေခဲ့ပါတယ်..။
" အရမ်းလဲ စိတ်မပူပါနဲ့ .. အဆင်ပြေသွားမှာပါ.."
" Omma နေပြန်ကောင်းလာမှာပါနော်.."
" ........ ဒါပေါ့ .. "
" ကျောက်ကပ်အစားထိုးရမယ့် ကိစ္စအဆင်ပြေပါ့မ လား.. "
" မကြာခင် ဆေးစစ်ချက်အဖြေလည်း ထွက်လာတော့မှာဘဲဟာ.. အားလုံး အဆင်ပြေပြေနဲ့ ပြီးသွားမှာပါ.."
" ......ဒါနဲ့ နင်ဘယ်သွားနေတာလဲ .."
" ဘယ်မှမသွားပါဘူး .. ဒီအတိုင်း လေညင်းခံထွ က် နေ တာ.."
Sa's POV
အခုလို အခြေအနေမျိုးမှာ ကျွန်မအတွက်ကြောင့်နဲ့ပါ Moကို ထပ်ပြီး စိတ်မပူစေချင်ဘူး..။ ဒါကြောင့် ကျွန်မ ညာပြောလိုက်မိတာပါ..။
-
-
-ဧည့်ခန်းနဲ့ မျက်နှာချင်းဆိုင် Saစာရေးတဲ့အခန်းလေး ထဲမှာတော့ Tzuပြတင်းပေါက်ကနေ ခြံထဲက မေပယ်ပင်ကြီးကို ကြည့်နေမိသည်..။
" ပုရစ်ဖူးလေးတွေတောင် အများကြီးထွက်နေပြီ..
Tzu ဒီအိမ်ကို စရောက်တုန်းက ရော်ရွက်ဝါလေး

VOUS LISEZ
Goodbye single
Fanfictionငါနင့်အနားမှာ ရှိနေတာကို မုန်းရင် ... နင့်အရှေ့မှာ ရှိနေတာကို နင်မုန်းရင် ... ငါလှည့်ပြန်သွားပြီး နင့်ကိုစောင့်နေပါမယ် ... ဒါပေမဲ့ ငါ့ခံစားချက်ကို မထိန်းချုပ်နိုင်ဘူးဆိုတာ နင်မသိဘူး ... ငါနင့်ကိုချစ်တယ် .. အချိန်တိုင်းနင်...