Goodbye single
🐨 Episode ( 30 )Flashback ... ...
🏠🚗..🌳🌲
အပြာရောင် ခေါင်းအုံးလေးတစ်လုံးအပေါ်က တစ်ပွင့်တည်းသော အဖြူရောင် နှင်းဆီပန်းပွင့်လေးတစ်ပွင့်ကို စောင်းးငဲ့ကြည့်ရင်း အိပ်ခန်းထဲ က ထွက်ဖို့ပြင်နေသည့် Mo. သူမရဲ့ လက်တစ်စုံကတော့ အခန်းတံခါးလော့၌ ခပ်ဖွဖွလေး ဆုတ်ကိုင်ထားလျှက် .......။ တည်ငြိမ်နေသလိုလိုနဲ့ ညိုးနွမ်းနေတဲ့ သူမရဲ့မျက်ဝန်းတစ်စုံ.......။ ပန်းနုရောင် ပါးလွှာလွှာ နှုတ်ခမ်းလေးကို တင်းတင်းစေ့ထားရင်း သူမ ထိုနှင်းဆီပန်းအဖြူလေးကိုဘဲ အချိန်အတော်ကြာသည်အထိ ရပ်ကြည့် နေမိသည် ။
မျက်တောင်တစ်ချက် ပုတ်ခပ်လိုက်ချိန်မှာဘဲ သူမရဲ့ ခြေလှမ်းတွေက ကုတင်ရှိရာဘက်ဆီသို့ ဦးတည်ကာ လျှောက်လာခဲ့သည့်နောက်တော့ နှင်းဆီပန်းလေးရှေ့မှောက်ရပ်တန့် သွား၏......။
-
-
-🏫🌳🍃🌳🌳🚲🚲🚲🌲🌲🌞☁
🚗.......ရွေ့လျားနေတဲ့ ပတ်ဝန်းကျင်ကို ဆိတ်ငြိမ်စွာဘဲ Mo ကားပြတင်းတံခါးမှန်ကတစ်ဆင့် အပြင်သို့ ငေးကြည့်နေ မိသည်..။ လမ်းတစ်လျှောက် သူမကဲ့သို့ ကျောင်းသူ၊ကျောင်း သားတွေကိုလဲ တစ်နေရာမဟုတ် တစ်နေရာ၌ တွေ့မြင်ရ၏..။ လက်ထဲမှာ ကိုင်ထားသည့် အဖြူရောင် နှင်းဆီ ပန်းလေးကတော့ သူမရဲ့ မျက်နှာကို မော်ဖူးနေသယောင်...။
သူမနဲ့အတူ ကားအနောက်ခန်းမှာထိုင်နေသည့် ခပ်သန့်သန့် အမျိုးသားကြီးတစ်ဦးကတော့ သူမရဲ့ Appaဖြစ်သူပင်..။ Mr. Hirai ကတော့ စာရွက်စာတမ်းတွေကို တစ်ရွက်ပြီး တစ်ရွက်လှမ်ကြည့်ရင်း အလုပ်ရှုပ်နေလေ၏..။လိုရာခရီး ၊ နှင်ရာခရီး တစ်ခုသို့ ရောက်လာသည့်အလား ရပ်တန့်သွားတဲ့ ကားပေါ်ကနေ သူမဆင်းဖို့ ဟန်ပြင်လိုက်တုန်းမှာဘဲ Mr.Hiraiဆီမှ စကားသံထွက်ပေါ်လာသည်..။
" ညနေကျောင်းဆင်းရင် Driver Park လာကြိုနိုင်မှာမဟုတ်ဘူး .. ......"
YOU ARE READING
Goodbye single
Fanfictionငါနင့်အနားမှာ ရှိနေတာကို မုန်းရင် ... နင့်အရှေ့မှာ ရှိနေတာကို နင်မုန်းရင် ... ငါလှည့်ပြန်သွားပြီး နင့်ကိုစောင့်နေပါမယ် ... ဒါပေမဲ့ ငါ့ခံစားချက်ကို မထိန်းချုပ်နိုင်ဘူးဆိုတာ နင်မသိဘူး ... ငါနင့်ကိုချစ်တယ် .. အချိန်တိုင်းနင်...