Goodbye single
🐨 Episode ( 10 )SaပြောပြီးTzuအနားကထွက်သွားသည်..။ အခန်းထဲမှာ ကျန်ရစ်ခဲ့တဲ့ Tzuကတော့ သူမအရေှ့က Saပြင်ပေးထားသည့် မနက်စားလေးကို ကြည့့်လျက်.......
" မနက်စာ ပြင်ပေးလို့ ကျေးဇူးတော့တင်ပါတယ် .. လက်လေးကိုင်မိတာကို စိတ်ဆိုးသွား တာလား .."
-
-
-" Unnie.. Tzuကို Sa unnie အကြောင်းတွေ ပြောပြပါလား.. "
" ဟင် "
Mo - Tzuကို ကြည့်လိုက်တော့ Tzuက ဒူးနှစ်ဖတ်ကို ဖက်တွယ်ရင်း ဒူးအထက် မေးကိုအပ်ကာ မြေပြင်သို့ စိုက်ကြည့်နေသည်..။
" နားလည်ရခက်တဲ့မိန်းကလေးလားဟင် Sa unnieက .. "
" ဟင့်အင်း .. Saက ဖော်ရွေပြီး ခင်မင်ဖို့ကောင်းတဲ့ မိန်းကလေးပါ.. "
" ဘာလို့ .. ဘာလို့ .. .. .. .. သွေးအေးလွန်းရတာ လဲ .. ဂရုမစိုက်ပြနဲ့ခွင့်ပြုချက်မရဘဲ လက်မကိုင်နဲ့ .. နောက်ထပ် ဘာတွေများ ရိှလာအုံးမလဲ မသိဘူး "
" Saကို နားလည်ပေးဖို့ Unnieတောင်းဆိုချင်တယ်Tzu.. "
" ဘာလို့လဲ .. "
" Saက .. နှလုံးသားမှာ ဒဏ်ရာရနေတဲ့ သူတစ်ယောက်ပါ.. သူချစ်ရတဲ့သူက သူ့အရေှ့မှာဘဲ ဘယ်တော့မှပြန်လာလို့ မရတော့တဲ့ ထာဝရနွုတ်ဆက်ခြင်းနဲ့အတူ ထွက်သွားခဲ့တယ် .. အခုထိ အတိတ်က အိပ်မက်ဆိုးကြီးထဲကနေ Saမနိုးထနိုင်သေးဘူး Tzu .. "
" ....... "
" Unnieလည်း Mi - Unnieတို့ ဘဝထဲက ထွက်သွားတာကို စိတ်မကောင်းပါဘူး .. Mi က Unnieတို့လို ဘဝကိုပျော်ရွွင်စွာတောင် အချိန်အကြာကြီး ဖြတ်သန်းခွင့်မရခဲ့ဘူး .. သူ့အသက်က ငယ်ငယ်လေးရိှသေးတာ ဘာလို့ သူ့ကိုလူ့ဘဝ ကြီးထဲကနေ အစောကြီးခေါ်သွားရတာလဲ .. "
Moပြောရင်း ပါးပြင်အထက် မျက်ရည်တို့ စီးကျလာသည်.. စကားပြောေနရင်း အသံတို့ပင် တိမ်ဝင်ဝင်သွားသည်.......
" မိန်းကလေးလား .. Sa unnie ချစ်သူက မိန်းကလေးလား.. "
" Mi သေရတာ Unnie ကြောင့်ပါ .. Unnieသာ အဲ့နေ့က လျေှာက်လည်ဖို့ ဂျီမကျခဲ့ရင် .. Unnieအရုပ်လေးသာ Unnieအိတ်ထဲမှာ သေချာထည့်ထားခဲ့ရင် .. မြန်မြန်လာခဲ့ဖို့ လှမ်းမခေါ်ခဲ့မိရင် ..လမ်းတစ်ဖက်မှာ တစ်ယောက်တည်းမထားခဲ့ရင် .. Miလက်ကိုဆွဲထားတဲ့Unnieရဲ့ လက်တွေက်ိုသာ အဆုံးထိ ဆုတ်ကိုင်ထားမိခဲ့ရင် အခုလို .. .. အခုလို .. .. သူUnnieတို့အနားက အစောကြီးထွက်သွားခဲ့ရမှာမဟုတ်ဘူး .. "

STAI LEGGENDO
Goodbye single
Fanfictionငါနင့်အနားမှာ ရှိနေတာကို မုန်းရင် ... နင့်အရှေ့မှာ ရှိနေတာကို နင်မုန်းရင် ... ငါလှည့်ပြန်သွားပြီး နင့်ကိုစောင့်နေပါမယ် ... ဒါပေမဲ့ ငါ့ခံစားချက်ကို မထိန်းချုပ်နိုင်ဘူးဆိုတာ နင်မသိဘူး ... ငါနင့်ကိုချစ်တယ် .. အချိန်တိုင်းနင်...