Goodbye single
🐨 Episode ( 27 )" ချစ်တယ်.. အရမ်းချစ်တာမို့ စိတ်ပူအောင်မလုပ်ဘဲ မြန်မြန်နေပြန်ကောင်းလာရမယ်နော် သေချာပေါက် နေမြန်မြန်ပြန်ကောင်းလာရမယ်နော် .. မြန်မြန်.."
တဖြည်းဖြည်းမသိမသာ ကုန်ဆုံးသွားတဲ့ အချိန်တွေနဲ့အတုူ Saဆံနွယ်တို့လဲ ရေခြောက်သွားခဲ့သည်..။ Tzuတစ်ညလုံး မအိပ်ဘဲ ရေပတ်တိုက်ပေးထားသည်မို့ အဖျားငွေ့လဲ လျော့ကျလာခဲ့ သည်..။
-
-
-ညဘက် တွေမှာကြားရတတ်တဲ့ အိမ်ခြံဝန်းအတွင်းက ပိုးဖလံတွေရဲ့ " ကျီ..ကျီ.. " မြည်သံတွေက တိတ်ဆိတ် ခမ်းနားလွန်သည့် အိမ်တော်ကြီး အတွင်းထဲထိတောင် ထိုးဖောက်ဝင်ရောက်လျက်ရိှနေ၏..။
ကားသံ ၊ ရထားသံများနှင့် ကင်းဝေးသည့် ထိုအိမ်တော်ကြီး၏ ခြံဝန်းထဲရိှ ပန်းခြံအတွင်းက စားပွဲဝိုင်း လေးမှာတော့ လက်ဖက်ရည်ကို အေးဆေးစွာသောက်နေသည့် Mr.Hirai အား ကျောပေးကာ ရပ်နေသူက Mo. မနီးမဝေးသစ်ပင်အောက်ကနေ သူမတို့နှစ်ယောက်အား လှမ်းကြည့်ရင်း သက်ပြင်ရှည်တွေကြည့်ချနေမိသူက Bam.
" ဟူး... အဆင်ပြေသွားမှာပါ.. "
Mo's side ..
" ပြန်လာခဲ့တော့.. "
သြဇာသံပြင်းသည့် အသံတစ်ခုက တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်ကို ဖြိုခွင်းကာ သူမနားအတွင်းသို့ ဝင်လောက်လာခဲ့သည်..။
" ဘယ်အချိန်ထိ အဲ့ကလေးမအနားမှာ နေနေအုံးမှာ လဲ.. "
" မပြောတတ်ဘူး .. "
" အချိန်တွေလဲကြာခဲ့ပြီမဟုတ်လား.. "
အလိုမကျစိတ်မရှည်သည့်ဟန်ဖြင့်ပြောလာသည့် Mr.Hiraiအား သူမလှည့်ကြည့်လိုက်ရင်း..
" မကြာဘူးထင်တာဘဲ .. Appaပြောသလိုသာ အချိန်တွေကြာခဲ့ရင်း ပြောင်းလဲမွုတွေရိှလာရမှာပေါ့ ဘာတစ်ခုမှပြောင်းလဲလာတာမျိုးလဲမတွေ့မိပါဘူး..
အားလုံးက အရင်အတိုင်းပါဘဲ .. "
ESTÁS LEYENDO
Goodbye single
Fanficငါနင့်အနားမှာ ရှိနေတာကို မုန်းရင် ... နင့်အရှေ့မှာ ရှိနေတာကို နင်မုန်းရင် ... ငါလှည့်ပြန်သွားပြီး နင့်ကိုစောင့်နေပါမယ် ... ဒါပေမဲ့ ငါ့ခံစားချက်ကို မထိန်းချုပ်နိုင်ဘူးဆိုတာ နင်မသိဘူး ... ငါနင့်ကိုချစ်တယ် .. အချိန်တိုင်းနင်...