Goodbye single ( 6 )

1.3K 94 14
                                    

Goodbye single
🐨 Episode ( 6 )

Tzuနဲ့Saကြား ​လေဟာနယ်​​လေးတစ်​ခုသာခြား​နေသည်​ ။ Saက​တော့ သူမအ​ရှေ့က ​မြေပုံ​လေးကိုသာ အကြည့်​တို့ အပ်​နှံထား​လေသည်​။ Tzu ရဲ့ မျက်​ဝန်း​ထောင့်​​လေးမှ တစ်​ဆင့်​ သူမအ​နောက်​၌ မိန်းက​လေးတစ်​​ယောက်​ ရှိ​နေသည်​ကို​တော့ သတိထားမိခဲ့သည်​။ Tzu မိဘ​တွေရဲ့ ​မြေပုံ​လေးအ​ရှေ့မှာ Tzuရပ်​ပြီး အရို​သေ​ပေးကာ ကန်​​တော့ သည်​ ... ထို့​နောက်​ သူမလက်​ထဲက ပန်းစည်​​လေးကို သူမ Ommaရဲ့ ကမ္ပည်းမှတ်​တိုင်​အ​ရှေ့မှာ ချကာ ....

" ​နေ​ကောင်းရဲ့လား Appa-Omma .. အခုမှ ​ရောက်​လာခဲ့လို့ ဝမ်းနည်း​နေမှာ​ပေါ့ .. Tzuက မလိမ်​မာဘူးမဟုတ်​လား .. က​လေးဆိုး​လေး တစ်​​ယောက်​ .. မနက်​ဖြန်​ဆို Tzu လူ့​လောကထဲ ​ရောက်​လာတာ နှစ်​၂၀ပြည့်​​တော့မယ်​ .. Tzuကို ဒီ​လောကထဲ ​ခေါ်လာ​ပေးလို့ Appaနဲ့Ommaကို ​ကျေးဇူးတင်​ပါတယ်​ .. "

-
-
-

Moပြန်​​ရောက်​လာ​တော့ Saက Mi​မြေပုံ​လေးကိုမှီရင်း ထိုင်​​နေ​လေသည်​။ မြက်​ဖြတ်​သမား ဦး​လေးကြီးရဲ့ ကိုယ်​က အနည်းငယ်​ထွားတာ​ကြောင့်​ Moမျက်​ဝန်းအ​ရှေ့က Tzuကို တံတိုင်းသဖွယ်​ ကာထားသည်​မို့ TzuကိုMoမမြင်​ခဲ့...။

" Saငါ မြက်​ဖြတ်သမား​ခေါ်လာခဲ့တယ်​ "

" ​ကျေးဇူးပါပဲ .. "

" ငါတို့တစ်​​နေရာ သွားရ​အောင်​​လေ ပြီးမှပြန်​လာ တာ​ပေါ့ "

" အွန်​ .. ဦး​လေးကြီး အကူညီ​တောင်းပါတယ်​ လှလှ​လေး သူမကို ဆံပင်​ညှပ်​​ပေးပါ​နော်​ "

ထို့​နောက်​ Saနဲ့Moတစ်​​နေရာကို ထွက်​သွားခဲ့သည်​။ ​တောင်​​ပေါ်ကျကျဆို​တော့ ​လေက ​မြေပြန့်​မှာထက်​ ပိုတိုက်​တယ်​​လေ ထို့​ကြောင့်​ ​လေတိုး​သံ​တွေနဲ့ဆို​တော့ Tzu​ပြောသည့်​စကားကို Saမကြားနိုင်​သလို Sa​ပြော​နေသည့်​စကားကိုလည်း Tzuမကြားခဲ့... ။
စမ်း​ချောင်း​လေးတစ်​ခုအနားအ​ရောက်​ Saတစ်​ခုခုကို သတိရသွားသကဲ့သို့ ​ခြေလှမ်းတို့ကိုရပ်​တန့်​လိုက်​သည်​..။

Goodbye singleTempat cerita menjadi hidup. Temukan sekarang