Goodbye single
🐨Episode ( 35 )" အဆင်သင့်ဖြစ်ရင်စမယ်.. စက်အဖွဲ့ အဆင်သင့်ဖြစ်ပြီလား.."
" ဟုတ်ကဲ့.."
ကိုယ်လုပ်ဆောင်ရမဲ့ အပိုင်းကို ပြင်ဆင်ပြီးသွားတဲ့နောက်တော့ ရိုက်ကွင်းအဖွဲ့သားတွေအားလုံး ကိုယ်လုပ်ဆောင်ရမဲ့နေရာတွေမှာ အသီးသီး နေရာယူလိုက်ကြတယ်..။
Screenမှာ ပေါ်လာတဲ့ အရာက ဘတ်စ်ကားမှတ်တိုင်မှာ ရပ်နေတဲ့ Tiffany. တစ်ခြားသော ဘတ်စ်ကားစောင့်နေတဲ့သူတွေက သူတို့အလုပ်နဲ့သူတို့ အချင်းများနေလေရဲ့..။
" နင် နေထိုင်တဲ့ ကမ္ဘာမြေက အများကြီးပြောင်းလဲ လာတယ်နော်.."
လှပတဲ့ သူမရဲ့ နားရွက်ဟာ video camera ရဲ့ လုပ်ဆောင်မွုကြောင့် screenမှာ ပေါ်လာပြန်တယ်..။ တစ်ခုခုကို နားစွင့်နေသလိုမျိုး..။
သူမအရေှ့ကိုရောက်လာတဲ့ အဖြူရောင်ပြိုင်ကား တစ်စီး..။ ထိုကားထဲမှာတော့ Taeyeonရိှနေသည်..။ တစ်နေရာကို ငေးလိုက် Taeyeonမျက်ဝန်းတွေက သစ်ပင်တစ်ပင်ဖြစ်သည်..။
" နင့်ကို ငါ့မြင်ကွင်းထဲကနေ ခေါ်သွားတဲ့ လွမ်းမောဖွယ် အမေှာင်ထုကြီးကို မုန်းမိတယ်.. ဘာလို့ ဒီနေရာကိုရောက်တိုင်း ဒီသစ်ပင်ကြီးကိုဘဲ ကြည့်နေမိရတာလဲ.. လွမ်းတယ် "
ရိုက်ကွင်းရဲ့ ခပ်လှမ်းလှမ်းမှာ ဇာတ်ညွွန်းဖတ်နေသည့် Tzuအနားသို့ Sa ( TWICE) ရောက်လာခဲ့သည်..။
" Tzu.. unnie ဒီမှာ ခဏထိုင်လို့ရမလား.."
" အား..ဟုတ်ကဲ့.. ထိုင်ပါ.."
Tzuတစ်ယောက် သူမဘေးမှာ ထိုင်လာသည့် Sa ( TWICE) ကို ကြည့်ရင်း........
" Tzuကို ပြောစရာ ရိှလို့လား unnie.."
" ပြောစရာတော့မရိှပါဘူး.. ဒီအတိုင်း စိတ်လွုပ်ရှားနေမိလို့.."
" Unnieအတွက် ဒါက ပထမဆုံးဆိုတော့ စိတ်လွုပ်ရှားတာမျိုးက ဖြစ်တတ်ပါတယ်.."
သူမရဲ့ နှစ်သိပ်စကားကို သဘောကျဟန် ပြုံးလိုက်တဲ့ Sa ( TWICE)...။ သူမတို့နှစ်ယောက်ကို အဝေးကနေ ဂျယ်လီစားရင်း ကြည့်နေသူက Somi.
" Sana unnieက အရမ်းလှတာဘဲ.."
-
-
-နေ့သစ်တစ်ခုတော့ နေ့သစ်တစ်ခုပါဘဲ..။ ဒါပေမယ့် တူညီနေတဲ့ နေ့သစ်တစ်ခု.. ။ Sa သူမ တစ်ယောက်ထဲအတွက်တော့ တူညီတဲ့ နေ့သစ်..။
သူမ နံနက်စာ စားပြီးသွားတဲ့နောက်မှာ သူမ စာရေးနေကျ အခန်းငယ်ထဲကို ဝင်လာခဲ့တယ်..။ စားပွဲပေါ်က အလှပန်းအိုးငယ်ထဲက အဝါရောင် နှင်းဆီတစ်ပွင့်က ညိုးနွမ်းစွာ ခြောက်ကပ်လို့နေပြီဖြစ်၏..။
KAMU SEDANG MEMBACA
Goodbye single
Fiksi Penggemarငါနင့်အနားမှာ ရှိနေတာကို မုန်းရင် ... နင့်အရှေ့မှာ ရှိနေတာကို နင်မုန်းရင် ... ငါလှည့်ပြန်သွားပြီး နင့်ကိုစောင့်နေပါမယ် ... ဒါပေမဲ့ ငါ့ခံစားချက်ကို မထိန်းချုပ်နိုင်ဘူးဆိုတာ နင်မသိဘူး ... ငါနင့်ကိုချစ်တယ် .. အချိန်တိုင်းနင်...