Goodbye single
🐨Episode ( 41 )Tzuပြန်သွားသည့်နောက် Saအိမ်ထဲသို့ပြန်ဝင်လာကာ စားရေးသည့် အခန်းထဲသို့ဝင်လာခဲ့သည်..။ စားပွဲပေါ်က စာကြည့်မျက်မှန်ကိုတပ်လိုက်ပြီး လက်ချောင်းတွေကို လွုပ်ရှားလိုက်သည်..။ ဒီနေ့တတ်လာတဲ့ Tzuသတင်းရဲ့အစကို လိုက်ရှာပြီး အင်တာနက်စာမျက်နှာပေါ်မှာ ပျ့ံနေတဲ့ Tzuသတင်းတွေကို ဖြတ်လိုက်၏..။ ဒီအလုပ်က သူမအတွက်တော့ မခက်ခဲပါ.. ။ ကွန်ပျူတာအဒိကနဲ့ ကျောင်းပြီးထားသူတစ်ယောက်ဖြစ်သလို ကျောင်းတုန်းထဲက နာမည်ကြီးဟက်ကာတစ်ယောက်ဖြစ်သည်..။ Moနဲ့Miလည်း သူမလို ကွန်ပျူတာအဒိကနဲ့ကျောင်းပြီးထားပါသော်လည်း သူမလိုတော့ မကျွမ်းကျင်ပါ..။
" ပြီးသွားပြီ.. Tzu ဒီသတင်းကို မမြင်လောက်တော့ဘူး.. "
တစ်ယောက်ထဲ သဘောကျစွာပြုံးမိရင်း postsတွေမဖြတ်ခင်က saveထားခဲ့သည့် ပုံတွေကိုကြည့်ကာ..
" ဒီပုံတွေက ဘယ်တုန်းထဲက ရိုက်ထားတဲ့ ပုံတွေလဲ..
ငါ့ကို ကြည့်နေတဲ့ Tzuမျက်ဝန်းတွေက လှလိုက်တာ.. တောင်းပန်ပါတယ် unnie အရမ်းနောက်ကျသွားတယ်.."Postsတွေဖြတ်လိုက်ပါသော်လည်း အင်တာနက်ပေါ်မှာပျံ့ခဲ့ပြီးသား သတင်းတစ်ခုမို့ ပြည်သူလူထုရဲ့ အာရုံစိုက်ခံရချင်းကို ခံခဲ့ရပြီးပြီဖြစ်သည်..။ Tzuကို အခက်မတွေ့အောင် သူမတစ်ခုခုလုပ်ဖို့ စဉ်းစားလိုက်သည်..။ ဒိအတွက်တော့ အကောင်းဆုံးအရာတစ်ခုကို သူမလုပ်နိုင်မှ Tzuရဲ့သတင်းတွေကို စိတ်ဝင်စားမွုပြတ်တောက်သွားနိုင်မည်ဖြစ်သည်..။ အလွယ်ကူဆုံးနဲ့ သူမလုပ်နိုင်တဲ့အရာကတော့...........
-
-
-Saအိမ်ကနေ Tzuပြန်လာခဲ့ပြီးနောက် ရေချိုးနေရင်း နေ့လယ်က ကိစ္စအချို့ကို ပြန်စဉ်းစားနေမိသည်..။
Flashback........
Saနေ့လယ်စာအတွက်ပြင်ဆင်နေတုန်း Tzuဆီသို့ chaeဖုန်းဆက်လာခဲ့သည်..။
" ပြောchae.."
" အခုထိ သတင်းမဖတ်ရသေးဘူးလား.."
" ဘာသတင်းလဲ.."
" နင်က မိန်းကလေးတစ်ယောက်နဲ့ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ သတင်း.."

VOCÊ ESTÁ LENDO
Goodbye single
Fanficငါနင့်အနားမှာ ရှိနေတာကို မုန်းရင် ... နင့်အရှေ့မှာ ရှိနေတာကို နင်မုန်းရင် ... ငါလှည့်ပြန်သွားပြီး နင့်ကိုစောင့်နေပါမယ် ... ဒါပေမဲ့ ငါ့ခံစားချက်ကို မထိန်းချုပ်နိုင်ဘူးဆိုတာ နင်မသိဘူး ... ငါနင့်ကိုချစ်တယ် .. အချိန်တိုင်းနင်...