Goodbye single
🐨 Episode ( 7 )Sa ကုတင်ပေါ်ကနေဆင်းလိုက်ပြီး Tzu ကို ကြည့်၍ ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။ ထိုတော့မှ Moလဲထိုင်နေရာမှ ထလာပြီး
" Unnieရှင်းပြမယ် .. Tzuထင်သလို မဟုတ်ပါဘူး "
လက်တို့ကို ရမ်းကာ အထင်မလွဲဖို့ပြောနေသည့် Moကို Tzuကြည့်ရင်း မျက်တောင်တို့ကို ပုတ်ခက်ပုတ်ခက်ဖြင့် သူမမြင်တွေ့လိုက်ရသည့် မြင်ကွင်းကို မျက်စိထဲကမထွက်..
" သူက Unnieရဲ့ chingu ပါ .. ခုဏကTzuမြင်လိုက်ရတာကလေ ... ဘယ်လိုပြောရမလဲဆိုတော့ ... သူမနေ့ညက သောက်ထားတာ အရမ်းများသွားလို့ .. ဟို .. ... .. ... ... "
Moဘယ်လိုရှင်းပြရမလဲဆိုတာ စဉ်းစား၍မရ မျက်နှာတစ်ခုလုံးနီမြန်းကာ ရှက်နေရှာသည်...
" သွေး.. သွေး .. တွေကြောင့်လား .. သူ့လက်က ဒဏ်ရာကိုတွေ့လိုက်တယ် "
" ဟန် .. "
Tzuစကားကြောင့် Mo ရှင်းပြဖို့ နည်းလမ်းရှာတွေ့ သွားပြီးနောက် ...
" ဒီနေ့ သူ့မှာ အရမ်းစိတ်ညစ်စရာ ကိစ္စတစ်ခုရှိနေလို့ .. သူကစိတ်ညစ်ရင်အဲ့တိုင်းဘဲ အခန်းထဲက ပစ္စည်းတွေ အကုန်ရိုတ်ခွဲ ပြီးသူ့ကိုယ်သူ အနာတရ ဖြစ်အောင်အမြဲ လုပ်တတ်တယ် .. အခုလဲ ဖန်ကွဲစကြောင့် သူ့လက်ဒဏ်ရာရသွားတယ် .. Unnie ကဆေးထည့်ဖို့ကို သူကလက်မခံဘဲ အတင်းရုံးနေလို့ ကုတင်ပေါ်မှာ အဲ့လိုအဲ့လိုဘဲဖြစ်သွားတယ် .. ဟက် "
-
-
-Saကတော့ ဘားမှမဖြစ်ခဲ့သလိုဘဲ အေးအေးဆေးဆေးပင် .. အမှန်တော့Saလဲရှက်တာပေါ့လေ.. ဒါပေမဲ့ Saကပါ ရှက်နေတဲ့ပုံပေါက်ရင် Tzuအထင်လွဲ ဖို့က ရာခိုင်နှုန်းခပ်များများ .. တိတ်ဆိတ်ခြင်းက သူမတို့သုံးယောက်ကြားဝယ်တည်ရှိနေလျက်.. မျက်ဝန်းတို့ဖြင့်သာ တစ်ယောက်ကိုတစ်ယောက် ကြည့်၍ မေးခွန်းထုတ်လိုက် အဖြေရှာလိုက် ... ထိုကဲ့သို့ထိုင်နေသည်မှာ နာရီဝက်လောက်ကြာလာခဲ့သည့်နောက် ..Tzuက ချောင်းဟန့်၍ "အဟန့် .. " တိတ်ဆိတ်နေခြင်းကို စတင်ဖြိုခွင်းလိုက်သည်..။

VOCÊ ESTÁ LENDO
Goodbye single
Fanficငါနင့်အနားမှာ ရှိနေတာကို မုန်းရင် ... နင့်အရှေ့မှာ ရှိနေတာကို နင်မုန်းရင် ... ငါလှည့်ပြန်သွားပြီး နင့်ကိုစောင့်နေပါမယ် ... ဒါပေမဲ့ ငါ့ခံစားချက်ကို မထိန်းချုပ်နိုင်ဘူးဆိုတာ နင်မသိဘူး ... ငါနင့်ကိုချစ်တယ် .. အချိန်တိုင်းနင်...