Goodbye single
🐨 Episode ( 26 )" မတွေ့တာကြာပြီနော် O..mma. နေကောင်းတ ယ်မဟုတ်လား .. အခုလို ပုံစံမျိုးကိုမြင်ချင်ခဲ့တာမှ မဟုတ်တာ .. ဘာလို့လဲ .. ဘာလို့ နေမကောင်းဖြစ် နေတာကို အရင်ထဲက Moကိုမပြောပြခဲ့ရတာလဲ."
လက်ထဲက ပန်းစည်းကို တင်းနေအောင် သူမဆုပ်ကိုင်လိုက်ရင်း ကျလုဆဲဆဲမျက်ရည်တွေကို ဥပေက္ခာ ပြုနိုင်ဖို့ကြိုးစားနေမိပေမဲ့ နာကျင်မှုအပိုင်းအစတွေက အစိုင်အခဲတစ်ခုလို စုဝေးလာတော့ လျှံကျလာတဲ့ မျက်ရည်စတွေနဲ့အတူ သူမပခုံးသားလေးတွေ တုန်တုန်တတ်လာသည်..။
ဘယ်ဘက်လက်ဖဝါး ( လက်ချောင်းတို့ )ဖြင့် ပါးစပ်ကိုပိတ်ရင်း.......၊ သူမ မျက်နှာ အနှံ့ကို ပွတ်ဆွဲနေမိသည်..။ နာကျင်မှုတွေကို ထိမ်းကွပ်ရင်း လေသံ တိုးတိုးငင်ငင်လေးထွက်လာနိုင်ဖို့အတွက်ပင် သူမခဲရင်းစွာ အားယူနေရသည်..။
" တော်ပါတော့ .. အချိန်တွေလဲကြာခဲ့ပြီလေ .. အခုထိ .. .. အခုထိ .. .. .. .. သနားစရာကောင်းအောင် ဘာလို့လုပ်နေသေးတာလဲ .. Moက Ommaတို့မွေးထားတဲ့ ကလေးမှဟုတ်ရဲ့လား.."
Momo's POV
ကျွန်မလက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ ပန်းစည်းလို လွှတ်မချရက်ခဲ့ဘူး .. ကျွန်မရဲ့ အနာတရတွေနဲ့ ပြည့်
နှက်နေခဲ့တဲ့ အတိတ်က အကြောင်းအရာတွေ အားလုံးကို လွှတ်မချရက်ခဲ့ဘူး..။အဲ့ဒိအနာတရတွေ ပြီးဆုံးသွားဖို့ ဆုတောင်းနေမိတာ နှလုံးအိမ်က မျက်ရည်တွေလဲ ဝေ့ဝဲလို့ ၊ ခန္ဓာကိုယ်အတွင်းက ဆဲလ်တွေရော ၊ တစ်ရှူးတွေပါ ရစရာမရှိအောင် ပေါက်ထွက် စုတ်ပြဲလို့နေပါပြီ..။
ဆုတောင်းပေမယ့် မပြည့်နိုင်ခဲ့တဲ့ ဆုတောင်းသံတွေလဲ ပံ့တင်ထပ်လို့..၊ ကြယ်တွေကြွေပါတယ် .. ဆုတောင်းတွေ ပြည့်မလာခဲ့ပေမယ့်လို့ ..။ ကြယ်တွေတော့ တစ်စင်းပြီးတစ်စင်းကြွေနေတာဘဲ..။ အဲ့ကြယ်ကလေးတွေကို မေးချင်မိပါရဲ့ အခြားသူတွေရဲ့ ဆုတောင်းတွေကို ပြည့်အောင်ဖြည့်ဆည်းပေးနေရလို့ ကျွန်မရဲ့ဆုတောင်းတွေ ၊ ဆန္ဒတွေ မပြည့်ဝရတာလား ၊ ဖြစ်မလာရတာလားလို့..။

VOCÊ ESTÁ LENDO
Goodbye single
Fanficငါနင့်အနားမှာ ရှိနေတာကို မုန်းရင် ... နင့်အရှေ့မှာ ရှိနေတာကို နင်မုန်းရင် ... ငါလှည့်ပြန်သွားပြီး နင့်ကိုစောင့်နေပါမယ် ... ဒါပေမဲ့ ငါ့ခံစားချက်ကို မထိန်းချုပ်နိုင်ဘူးဆိုတာ နင်မသိဘူး ... ငါနင့်ကိုချစ်တယ် .. အချိန်တိုင်းနင်...