Goodbye single
🐨 Episode ( 4 )" Tzu အဆင်သင့်ဖြစ်ရင် စမယ်နော် " ( shout )
" Nae.. "
" Tzu သတိထားနော် "
" စိတ်မပူပါနဲ့ .. Tzu စတိတ်ကောင်းကောင်း စီးတတ်ပါတယ် "
" Fighting .. "
" Tzuကိုစောင့်နေကျပြီ Tzuသွားတော့မယ် "
MoကိုTzuပြုံးပြ၍အနားကထွက်သွားသည့််နောက် Mo..Saဆီသို့ ဖုန်းခေါ်လိုက်သည်။ Sa စာရေး စားပွဲပေါ်က ဖုန်းလေးတုန်ခါ၍ " du..du " မြည်လာသော်လည်း Saအာရုံတို့က သူမရဲ့ အသစ်ရေးနေတဲ့ ဇာတ်လမ်းလေးထဲ၌သာ ရောက်ရိှနေလေသည်။
📱Mo▶▶▶ ▶▶▶
" ဖုန်းမကိုင်ပြန်ဘူး .. ဖုန်းမြန်မြန်ကိုင်ပါ Saရယ် .. ထမင်းရော စားပြီးပြီလား .. "
" ဒီက .. ဒီက .. Tzuyu မန်နေဂျာလား "
Moအနားသို့အပြေးလွွားရောက်လာသည့် စက်အင်ဂျင်နီယာ ကောင်လေးက " ဟောဟဲ " ဆိုက်၍ မေးလာခြင်းဖြစ်သည်။
" ဟုတ်ပါတယ် .. ဘာကိစ္စရိှလို့လဲ "
" Tzu စကိတ်စီးရင်း နောက်ခံ စကိတ်စီးတဲ့ကောင်လေးကြောင့် ဒဏ်ရာရသွားလို့ "
" ဘာ!.. ကျစ်.. ရှင်တို့က ဘာလုပ်နေလို့ Tzu ဒဏ်ရာ ရတဲ့အထိဖြစ်သွားရတာလဲ .. "
Mo .. ထိုကောင်လေးကို ကြည့်၍ ဆံနွယ်တို့ကို ထိုးဖွလိုက်ပြီး နဖူးအထက်က ဆံနွယ်စတို့ကို မွုတ်ထုတ်လိုက်မိသည်။ ထို့နောက် Tzu ရိှနေသောနေရာဆီသို့် Mo ထိုကောင်လေးနဲ့အတူရောက်လာခဲ့သည်။ Tzu ကတော့အေးအေးလူလူသာ ထိုင်နေလေသည်။ Tzuဘေးမှာတော့ ပျာပျာသလဲ ပျာရာခတ်နေကျသည့် ရိုက်ကွင်းအဖွဲ့သားအချို့နဲ့ ခေါင်းတို့ကို ဘယ်နှစ်ကြိမ်မှန်းမသည့် ခါးတ်ို့ကို ဘယ်နှစ်ကြိမ်မှန်းမသိ ငုတ်ကိုင်း၍ တောင်းပန်စကားတို့ကို ဆိုနေသည့် ကောင်လေးတစ်ယောက် ကို Mo မြင်တွေ့လိုက်ရသည်။
" တောင်းပန်ပါတယ် chaw စကိတ်ဖိနပ်က မထင်မှတ်ဘဲ ဘီးချော် သွားလို့ပါ .. တောင်းပန်ပါတယ်.."

ESTÁS LEYENDO
Goodbye single
Fanfictionငါနင့်အနားမှာ ရှိနေတာကို မုန်းရင် ... နင့်အရှေ့မှာ ရှိနေတာကို နင်မုန်းရင် ... ငါလှည့်ပြန်သွားပြီး နင့်ကိုစောင့်နေပါမယ် ... ဒါပေမဲ့ ငါ့ခံစားချက်ကို မထိန်းချုပ်နိုင်ဘူးဆိုတာ နင်မသိဘူး ... ငါနင့်ကိုချစ်တယ် .. အချိန်တိုင်းနင်...