Goodbye single
🐨 Episode ( 22 )သူမ ကုတင်ပေါ်သို့တက်လာပြီ အဝါရောင်နှင်းဆီ ပန်းစည်းကြီးကို ကြည့်ရင်း ပြုံးနေမိသည်......။
"လှလိုက်တာ.. "
" unnieနဲ့စကားပြောချင်တာကို အခုတော့ ဒီအတိုင်းဘဲ ပြန်ရတော့မှာလား..."
သူမ မျက်ဝန်းအကြည့်တွေက တဖြည်းဖြည်း Sa ဘက်သို့ရောက်ရိှလာခဲ့ကာ......
" အိမ်မက်တစ်ခုဖြစ်လိုက်ချင်တယ်.. " * whisper *
" ဘယ်လိုလုပ်ရမလဲ .. Unnieနဲ့အတူတူရိှနေတဲ့ အချိန်တွေဆို အဆုံးမရိှတဲ့ အချစ်ကို Unnieဆီက တန်ပြန်သက်ရောက်လာမယ့် အချစ်တွေနဲ့အတူ ထာဝရနေနိုင်ချင်တယ် ..." * mind *
အချိန်တွေအကြာကြီး Saကိုထိုင်ကြည့်နေတဲ့ Tzuရဲ့ ဆွေးမြေ့ဖွယ် မျက်ဝန်းတစ်စုံကို သူမသာမြင် တွေ့ခဲ့ရင် ထိုကလေးရဲ့ အချစ်တွေကို သူမမြင်တွေ့ နိုင်မှာလား.....။
-
-
-Tzu's POV
ငယ်ငယ်က ဖြတ်သန်းခဲ့ရတဲ့ ဆောင်းညတွေကို Tzuမုန်းမိခဲ့ပါတယ်.......။
အခန်းအတွင်း ဘယ်လောက်နွေးနွေး Tzuလိုအပ်နေတဲ့ ၊ တောင်းတမိတဲ့ Tzuမိဘတွေရဲ့ ရင်ခွင်က အနွေးဓာတ်တွေက်ို ဘယ်တုန်းကမှ မရရိှခဲ့ဘူး......။
အခုလို ဆောင်းညရဲ့ လေအေးအေးတွေ တိုးဝေ့နေတဲ့ ဆိုးလ်မြို့ရဲ့ လမ်းမအထက် တစ်ယောက်တည်း ရိှနေရခြင်းက အရမ်းကို ချမ်းအေးလွန်းပါ တယ်.......။
ဒါပေမယ့် Tzuချစ်နေမိတဲ့ သူမကတော့ အခန်းငယ် ထဲက ကုတင်အထက်မှာ နွေးထွေးစွာ အိပ်ဆက်အနားယူနေတာကို တွေးမိရင် ပျော်မိပြန်ရော......။
ဒီနှစ်ရဲ့ ဆောင်းညကတော့ Tzuဘဝရဲ့ ပထမဆုံး အချိန် အေးစက်နေမွုတွေ လျော့နည်းစေခဲ့တာပါ..... ..။
Tzuဘေးနားက ဖြတ်လျေှာက်သွားနေကျတဲ့ လူတွေရဲ့ကိုယ်ငွေ့ အနွေးဓာတ်က Tzuဆုတ်ကိုင်ခဲ့ဖူး တဲ့ သူမရဲ့ လက်တစ်စုံလောက်တောင် Tzuအပေါ် နွေးထွေးခြင်းတွေ မပေးစွမ်းနိုင်တာ Tzuကလွဲပြီး ဘယ်သူက သိမှာတဲ့လဲ......။

KAMU SEDANG MEMBACA
Goodbye single
Fiksi Penggemarငါနင့်အနားမှာ ရှိနေတာကို မုန်းရင် ... နင့်အရှေ့မှာ ရှိနေတာကို နင်မုန်းရင် ... ငါလှည့်ပြန်သွားပြီး နင့်ကိုစောင့်နေပါမယ် ... ဒါပေမဲ့ ငါ့ခံစားချက်ကို မထိန်းချုပ်နိုင်ဘူးဆိုတာ နင်မသိဘူး ... ငါနင့်ကိုချစ်တယ် .. အချိန်တိုင်းနင်...