Goodbye single
🐨 Episode ( 2 )" မျက်ရည်ကျလာတာနဲ့ တစ်ခါတည်း အပေါ်ကိုဆွဲ တင်လိုက်မှာမို့ ခါးတော့နဲနဲနာမယ် "
" ရပါတယ် ကိစ္စမရိှပါဘူး "
" မင်းအကောင်းဆုံး လုပ်နိုင်မယ်လို့ ငါယုုံကြည်ပါတယ် "
Tzuပခုံးကို ဒါရိုတ်တာက လက်နဲ့အသာပုတ်ရင်း "ကြိုးစားထား" ဆိုသည့် အပြုံးဖြင့် သူ့နေရာကို ပြန်ထွက်သွားခဲ့သည်။ မိတ်ကပ်အနည်းငယ် လာဖို့ပေး နေတဲ့ ကောင်မလေးဘေးမှာတော့
" ဂရုစိုက်နော် Tzu .. အရင်တစ်ခေါက်ကလဲ ဒဏ်ရာရပြီးသွားပြီ "
" အဲ့ဒါက ကြိုးစစ်တဲ့ကောင်လေးက သေချာမစစ်လိုက်မိလို့ ဖြစ်သွားတာပါ ဒီတစ်ခါ ဘားမှမဖြစ်လောက်ပါဘူး "
" အဲ့လိုဆိုပေမဲ့လဲ ... "
" ဒါရိုတ်တာကြီး Tzu အဆင်သင့်ဖြစ်ပါပြီ "
TzuကMoစကားကိုဆုံးအောင်နားမထောင်ဘဲ ဖြတ်ပြောလိုက်ပြီးနောက် Moအနားကနေထွက်သွားခဲ့သည်။
" 5 4 3 2 1 go "
ဒါရိုက်တာရဲ့ ညွွန်ကြားသံအဆုံးမှာတော့ မျက်ရည်များ ပြည့်လျှံနေပြီး မီးစိမ်းနေတဲ့ မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်မရောက်တစ်ရောက်မှာ အရေှ့ကလာနေတဲ့ ထရက်ကားကြီးကိုကြည့်၍ ရပ်နေသူက Tzu
အရိှန်နဲ့လာနေသည့် ကားကြီးကိုကြည့်၍" နင်မရိှတဲ့ ဘဝမှာ ငါကဘာလို့ အသက်ဆက်ရှင်နေရမှာလဲ နင်မရိှဘဲ ငါအသက်ဆက်မရှင်နိုင်ဘူး "
T...TT...T.....🚍
မျက်ဝန်းအစုံကိုမိှတ်လိုက်တော့ မျက်ရည်တို့ စီးကျလာသည် နှင့်အတူ သူမကိုယ်လေး လေထဲသို့ မြောက်တတ်သွားသည်။
" ကပ် .. ကြိုးကိုဖြည်းဖြည်းချင်းပြန်ချမယ် "
ရိုက်ကူးရေးအဖွဲသားများက အပေါ်သို့ဆွဲထားသည့် ကြိုးတို့ကို အောက်သို့ဖြည်းဖြည်းချင်း ပြန်ချလိုက်တော့ Moတစ်ယောက်Tzuအနားသို့ရောက်လာပြီး ကိုယ်၌ပတ်ချည်နေှာင်ထားသည့် ကြိုးတို့ကို ကူဖြေပေးရင်း

YOU ARE READING
Goodbye single
Fanfictionငါနင့်အနားမှာ ရှိနေတာကို မုန်းရင် ... နင့်အရှေ့မှာ ရှိနေတာကို နင်မုန်းရင် ... ငါလှည့်ပြန်သွားပြီး နင့်ကိုစောင့်နေပါမယ် ... ဒါပေမဲ့ ငါ့ခံစားချက်ကို မထိန်းချုပ်နိုင်ဘူးဆိုတာ နင်မသိဘူး ... ငါနင့်ကိုချစ်တယ် .. အချိန်တိုင်းနင်...