Goodbye single
🐨 Episode ( 32 )မြေခရွက်ကြွေတွေအပေါ် သူမလျေှာက်လှမ်းလာရင်း နောက်ဆုံးသူမ ရောက်ရိှလာတဲ့နေရာက နှစ်အတော်ကြာမြင့် လောက်ပြီဖြစ်သည့်် အိမ်ကလေးတစ်လုံးရိှရာဆီသို့ ..။ အိမ်ခြံဝန်းထဲက သစ်သားကုတင်ရှည်တစ်ခုပေါ် တင်လှန်းထားသည့် ငရုပ်သီး ဟင်းရွက် ကြက်သွန်ဖြူ အစရိှ သော ဟင်းသီးဟင်းရွက်တွေကို သူမထိုအိမ်သို့ ရောက်လာသည်နှင့် ပထမဆုံးမြင်တွေ့လိုက်ရခြင်းဖြစ်သည်..။ သူမထိုခြံထဲကို ဝင်လာတော့ အိမ်ထဲမှ အဖွားအိုတစ်ယောက် ထွက်လာခဲ့သည်. . ။
" Hormone နေကောင်းရဲ့လား. . "
သူမရဲ့နွုတ်ဆက်စကားသံကြောင့် အသံလာရာ သူမရပ်နေသည့်ဘက်သို့ လှည့်ကြည့်လာသည့် အဘွားအို..။ သို့သော် မျက်ဝန်းအကြည့်တွေကတော့ အသက်မဲ့လို့နေ၏..။ လက်ထဲမှာကိုင်ထားသည့် တုတ်ကလေးကို အရေှ့သို့ စမ်းထောက်ရင်း သူမရပ်နေသည့် နေရာအနားသို့ ခန့်မှန်းပြီး လျေှာက်လာသည့် အဘွားအိုအနားသို့ Tzuလျေှာက်လာရင်း .......
" တောင်းပန်ပါတယ် .. အရမ်းကြာသွားတယ်မဟုတ်လား .."
" ကလေးမလေး မဟုတ်လား.."
"ဟုတ်ကဲ့ .. အခုတော့ အရင်လို ကလေးလေး မဟုတ်တော့ပါဘူး .. Tzuအရွယ်ရောက်လာပါပြီ.."
" Tzu? "
" Chou Tzuyu .. Hormoneကို နောက်တစ်ခါလာဖြစ်ရင် Tzuနာမည်ပြောပြမယ်လို့ ပြောခဲ့တယ်မဟုတ်လား .. Chou Tzuyuဆိုတာ Tzuနာမည်ပါ.."
" သေချာပေါက်ကို မှတ်မိတာပေါ့.."
သူမရဲ့အလွန်ကိုကြည့်ပြီး ပြုံးနေတဲ့ အဘွားအိုရဲ့ လက်တွေကို သူမနွေးထွေးစွာ ဆုပ်ကိုင်လိုက်ပြီး အနားက သစ်သားကုတင်ရိှရာသို့လျေှာက်လာခဲ့သည်..။ နေရာလွတ်တစ်ခုမှာ အဘွားအိုကို ထိုင်စေပြီး.......
" Hormone တစ်ယောက်ထဲနေရတာ အဆင်ပြေရဲ့လား .. နေလို့ထိုင်လို့ရော ကောင်းရဲ့လား.."
" မျက်စိမမြင်ရတော့တာကလွဲလို့ ကျန်တာအကုန်ကောင်းပါတယ်.."
" Hormoneရဲ့သား Arjishiရော Hormoneဆီ လာလည်ရဲ့လား.."
" တစ်နှစ်ကို တစ်ကြိမ်တော့ လာလည်ကြပါတယ် .. အလုပ်တွေကလည်းရိှသေးတော့ တစ်ရက်တောင်ပြည့်အောင် နေမသွားကြပါဘူးကွယ်.."
YOU ARE READING
Goodbye single
Fanfictionငါနင့်အနားမှာ ရှိနေတာကို မုန်းရင် ... နင့်အရှေ့မှာ ရှိနေတာကို နင်မုန်းရင် ... ငါလှည့်ပြန်သွားပြီး နင့်ကိုစောင့်နေပါမယ် ... ဒါပေမဲ့ ငါ့ခံစားချက်ကို မထိန်းချုပ်နိုင်ဘူးဆိုတာ နင်မသိဘူး ... ငါနင့်ကိုချစ်တယ် .. အချိန်တိုင်းနင်...