လီ လူသတ်ချင်နေတဲ့ မျက်နှာနဲ့ သူ့နန်းတော်ကို ပြန်လာခဲ့တယ်။ သူ့ စီးတော်မြင်းပေါ်က ဆင်းလိုက်တယ်။ နန်းတော်မှာတော့ အခြွေအရံတွေနဲ့ စစ်သားတွေက သူ့ကို မြင်တော့ ဒူးထောက်ကြိုဆိုလိုက်ကြတယ်။ ဘယ်သူမှ အသက်ပြင်းပြင်း မရှူရဲ ကြဘူး။ သူတို့ဆရာလီ ပေါက်ကွဲနေတယ်ဆိုတာ သတိထားမိကြတယ်။ တစ်ခုခု မှားယွင်း လှုပ်ရှားမိတာနဲ့ အသတ်ခံရမယ်ဆိုတာ သိနေကြတယ်လေ။
"အဖေ...."
သတ်လတ်ပိုင်းအရွယ် ဆံပင် ကျစ်စာမီးတွေ ကျစ်ထားတဲ့ လူငယ်တစ်ယောက်က လှမ်းခေါ်လိုက်တယ်။
လီ လှမ်းကြည့်လိုက်တယ်။ ဇင်တျန် အဆင့်ရောက်နေတဲ့ သူ့ရဲ့ အတော်ဆုံးသားပဲ။ ဂျိ ဂျိတ်ဝျစ် ။လီမျက်မှောင်ကြုတ်ပြီး မေးလိုက်တယ်။
"ဂျိတ်ဝျစ် အဲ့သတင်း အမှန်ပဲလား။ ငါ အမဲလိုက်ထွက်ရုံပဲ ရှိသေးတယ် ရီချွမ်ရဲ့ သတ္တ၀ါလေးက ဓားနဲ့ တစ်သားတည်း အဆင့် ရောက်သွားပြီဆိုတဲ့ သတင်းက ရောက်လာတယ်။"
"ဟုတ်တယ် အဖေ။ အမှန်ပဲ။ ဒီနေ့ပဲ ဂျိနင်နဲ့ နိုင်းဖန် စစ်သူရဲ ကိုးယောက်တို့ လေ့ကျင့်ကြတာ။ သူ ဓားပညာမှာ နောက်တစ်ဆင့်ကို တိုးတက်သွားတယ်။ ဒီသတင်းမှားဖို့တော့ မရှိဘူး။"
ဂျိတ်ဝျစ် သက်ပြင်းချ ပြောလိုက်တယ်။
"အား.... ကောင်းကင်က ငါ ဂျိလီနဲ့ ဆန့်ကျင်ပြီး လုပ်ဆောင်နေတာပဲ။ ငါ့ အကို ဂျိယောင် ဟာ ငါ့ထက် အကုန်လုံး နိမ့်ကျတယ်။ ဒါပေမဲ့ ငါ့ရဲ့ ဆောင့်ကြွားကြွား အပြုအမူတွေကြောင့် သူက အနောက်ဂျိကလန်ရဲ့ သခင်ဖြစ်သွားတယ်။ ပြီးတော့ သူ့သား ဂျိရီချွမ် က အရမ်းတော်တော့ သူ့နေရာက တည်ငြိမ်သွားတယ်။ အခုတော့ ပိုပြီးတော့ တော်တဲ့ ဂျိနင်ကို မွေးလာပြန်ပြီ။ ၆နှစ်ထဲနဲ့ ဓားနဲ့ တစ်သားတည်း အဆင့်ကို ရောက်လာတဲ့ ကောင်လေး။"
"ဓားနဲ့ တစ်သားတည်း အဆင့်ကို ၆နှစ်တည်းနဲ့ ရောက်ဖို့ဆိုတာ အရမ်းကို ရှားပါးတယ်။ ငါ အခု ပတ်ဝန်းကျင်မျိုးနွယ်စုတွေက ရွေးထားတဲ့ ထူးချွန်တဲ့ သူ ၃ယောက်တောင် သူ့နောက် အများကြီး နောက်ကျကျန်နေပြီ။ "
YOU ARE READING
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)
Fantasyအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ၀ါဒကို အခြေခံထားတဲ့ သိုင်း ၀တ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိုက်နေ...