Untitled Part 90

1.7K 196 0
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 5 (ဇီဖူ တန်ခိုးရှင်)

Chapter 16 ( ဓားချင်း ရင်ဆိုင်မိခြင်း )

ဂျိမီးတောက်ကိုးခု နဲ့ အရိပ်အဖွားအိုတို့က ဂျိနင်ကို ကလန်ရဲ့ အနာဂတ် ကျောက်တိုင်တစ်ခုအဖြစ် ရှုမြင်ထားပြီးထားပါ။ နင်ကို လျှို့ဝှက်သတင်းတွေ ကြည့်ခွင့်ကို ခွင့်ပြုထားခဲ့တာ ကြာလှပါပြီ။ ဒီ ချိုင့်ဝှမ်းဒေသ တစ်ခုလုံးက ဇီဖူတန်ခိုးရှင်တွေ အင်အားကြီးတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို နင်သိထားပါတယ်။ တုံဇီကွီ က ချိုင့်ဝှမ်းဒေသမှာ အင်အားအကြီးဆုံး အဖွဲ့တစ်ခုက အထွဋ်အထိပ်အဆင့် ဇင်တျန် တန်ခိုးရှင် တစ်ယောက်ပါ။ သူ့ရဲ့ ရှစ်မြောင့် သင်္ကေတ သွေးနဂါး ၀င်္ဂဘာက အစွမ်းအရမ်း ထက်လှပါတယ်။

ဒါကတခြား ၀င်္ဂဘာတွေလိုမျိုး အကွက်ချ စီစဉ်စရာ မလိုပါဘူး။ နင်ရဲ့ ဓားပျံငယ်တစ်ထောင် ၀င်္ဂဘာ ဓားသိုင်းနဲ့ ဆင်တူပါတယ်။ အတွေးနဲ့တင် ထိန်းချုပ်လို့ ရပါတယ်။ ဒါက ဓားပျံငယ်တစ်ထောင် ၀င်္ဂဘာ သိုင်းလောက်တော့ အရမ်း မကြမ်းပေမဲ့လည်း ဇီဖူ အထွဋ်အထိပ်အဆင့် တန်ခိုးရှင်က သုံးတာဆိုတော့ ဒီ သိုင်းရဲ့ အစွမ်းက ၀မ်ရှင်း သူတော်စင် ကနဦး အဆင့်ကို ရင်ဆိုင်ကောင်း ရင်ဆိုင်နိုင်ပါလိမ့်မယ်။ သူ့ကို ပိုင်ဇီရှန်ရဲ့ အစွမ်းနဲ့ သွားယှဉ်ပြီးတော့ ပြောလို့ မရပါဘူး။

"တာအို ရောင်ရင်း တုံ.. ငါတို့တွေ မတွေ့တာ ကြာပြီပဲ။"

မီးတောက်ကိုးခုက ရိုးရိုးသားသား စကားပြောလိုက်ပါတယ်။
"တာအို ရောင်ရင်း တုံ.. အသင် ဘာလို့ ဒီကိုလာလည်းဆိုတာ ကျွန်တော့ကို ပြောပြနိုင်မလား။"


"ဂျိမီးတောက်ကိုးခု"

ဇီဖူတန်ခိုးရှင် ၅ယောက် မြေပေါ်ကို ဆင်းသက်လာပါတယ်။ သူတို့တွေက အပေါ်စီး အကြည့်နဲ့ ဂျိကလန်က လူတွေကို ကြည့်လိုက်ကြပါတယ်။ နင် နဲ့ ကျန်တဲ့ သူတွေက ဒေါသထွက်လာကြပေမဲ့ ထိန်းချုပ်ထားရမယ်ဆိုတာကို နားလည်ကြပါတယ်။


"မင်းတို့ ဂျိကလန်ရဲ့ နယ်မြေက အရမ်းကို ကြွယ်ဝတာပဲ။ ဓာတ်သတ္ထုကြောကြီးတောင် ရှိနေတယ်။"

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Where stories live. Discover now