Untitled Part 84

1.8K 219 1
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 5 (ဇီဖူ တန်ခိုးရှင်)

Chapter 10 ( ရှင်းပြလို့ မရအောင်ကို အရမ်းကို နက်နဲလွန်းတယ် )

အချိန်တွေက စီးဆင်းလို့ သွားပါတယ်။ တိတ်တဆိတ်နဲ့ပါပဲ။ မျက်စိတမှိတ်အတွင်းမှာ အချိန် ၅ နှစ် ကုန်ဆုံးခဲ့ရပါပြီ။

SErpentwing ရေကန် တောက်ပသောနှလုံးသား ကျွန်လေးပေါ်မှာ....

တောက်ပသော နှလုံးသား ကျွန်းကလေးဆိုတာ နင်က ရေကန်အလယ် ကျွန်းကလေးကို နာမည်ပေးခဲ့တာပါ။ ဒီ ကျွန်းပေါ်မှာ အဆောက်အဦးတွေ အများကြီး ဆောက်ထားပါတယ်။ အရင်က အထီးကျန်တဲ့ ကျွန်းကလေးဟာ အခုဆို အရမ်းကိုလှပတဲ့ နိဗ္ဗာန်ဘုံလေးတစ်ခုလိုပါပဲ။ အခုတော့ နွေဦးကနေ နွေရာသီပြောင်းလဲချိန်မို့လို့ ပန်းတွေဟာ မျက်စိတဆုံးပွင့်လို့နေပါတယ်။ အခိုင်းအစေတွေရဲ့ လှပစွာ နေရာချမှုကြောင့် ပိုပြီးတော့ ဆွဲဆောင်မှု ရှိနေပါတယ်။

"အမကြီး ဆောင်းဦးသစ်ရွက်.. အမကြီး ဆောင်းဦး သစ်ရွက်"

အပြာရောင် ၀တ်ထားတဲ့ လူငယ်လေးတစ်ယောက်က ပြေးလွှားအော်ခေါ်လျက် ရှိပါတယ်။

ရေနွေးအိုး တည်နေတဲ့ ဆောင်းဦးသစ်ရွက်လေးက လှည့်ကြည့်လိုက်ပါတယ်။ သူမ ရယ်မောလိုက်ပြီးတော့
"ကျောက်တုံးပြာလေး .. မင်းမြားပစ်လေ့ကျင့်ခန်း ပြီးသွားပြီလား။ ဆရာ မျက်ကန်းငါးက မင်းကို ဆူပြီး မောင်းထုတ်လိုက်တာလား။"


"ဒါက......"

ကျောက်တုံးပြာလေးက စိတ်ညှိုးငယ်စွာနဲ့
"ကျွန်တော့်ကို မဆူပဲ ဘယ်နေမှာလည်း။ ကျွန်တော် မြားပစ်လေ့ကျင့်ခန်း လုပ်တိုင်းဆရာ မျက်ကန်းငါးက ကျွန်တော့်ကို အမြဲသင်ပေးနေတာ။ သူက အမြဲပဲ ကျွန်တော့ကို အကိုကြီးနဲ့ လာနှိုင်းနှိုင်းပြီး ပြောနေတယ်။ ကျွန်တော်က အကိုကြီးကို ဘယ်လိုလုပ် ယှဉ်လို့ ရမှာလည်း။ သူဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာ အမလည်း သိနေတာပဲကို။"

"မင်း ဒီအချိန်တွေကို တန်ဖိုးထားသင့်တယ်။"

ဆောင်းဦးသစ်ရွက်လေးက ကျောက်တုံးပြာလေးကို သူမရဲ့ မောင်လေး အရင်းလိုပဲ ချစ်ပါတယ်။ သူမ အလေးအနက်ပြောလိုက်ပါတယ်။
"သခင်လေး ပြောခဲ့တာက ဆရာမျက်ကန်းငါးက သွေးကြောတွေ ပျက်ဆီးသွားပေမဲ့ သူက အခုဆို လေးပညာမှာပဲ စိတ်နှစ်ထားတော့တယ်တဲ့။ သူ့ရဲ့ လေးပညာဟာ အဆင့်တစ်ခုကို ထပ်ပြီး ရောက်သွားခဲ့ပြီ။ အခုဆို ဆရာမျက်ကန်းငါးက ဒီ တောက်ပတဲ့ နှလုံးသားကျွန်း လေးမှာ နေထိုင်နေတဲ့အပြင်ကို သခင်လေးက မင်းကို သင်ကြားပေးဖို့ အကူအညီတောင်းထားလို့ မင်းကို ပညာသင်ပေးနေတာပါ။ မင်းကြိုးကြိုးစားစား လေ့ကျင့်သင့်တယ်။ ဒါက မင်းအတွက် တန်ဖိုးရှိတဲ့ပညာတစ်ခုဖြစ်လာမှာ။"

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Donde viven las historias. Descúbrelo ahora