Untitled Part 85

1.8K 227 1
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 5 (ဇီဖူ တန်ခိုးရှင်)

Chapter 11 (ဂျိနင် ရဲ့ ဓား )

အလယ်ပိုင်း ဂျိကလန်က လူငယ် ၆ယောက် လှေပေါ်က ဆင်းလာပါတယ်။ ကျွန်းပေါ်ကနေ သာမန် ၀တ်စုံ ကို ၀တ်ဆင်ထားတဲ ချောမောလှပတဲ့ မိန်းကလေး တစ်ယောက် က ဦးဆောင်ပြီးတော့ လူ ၄ယောက် လျှောက်လာနေပါတယ်။ သူမဘေးမှာတော့ အပြာရောင် ၀တ်ထားတဲ့ လူငယ်လေး တစ်ယောက်ဖြစ်ပြီး အနောက်က ၂ ယောက်ကတော့ အနီရောင် အစောင့်အရှောက် စစ်သူရဲ့ ၂ယောက်ပါ။ မီးတောက်ကိုးခု ဂျိသခင်ကြီးက အနီရောင် အစောင့်အရှောက် စစ်သူရဲ့ အယောက် ၁၀၀ ကို ကျွန်ကို စောင့်ရှောက်ဖို့ တာဝန်ပေးထားပါတယ်။

"ကျွန်တော်ထင်တာကတော့ မင်းက အိမ်တော်ထိန်း ဆောင်းဦးသစ်ရွက်လေး ဖြစ်မယ်ထင်တယ်။"

ဂျိမိုက စာရေးထားတဲ့သားရေချပ် တစ်ချပ်ကို ကမ်းပေးလိုက်ပါတယ်။
"ကျွန်တော်တို့က အလယ်ပိုင်း ဒေသခေါင်းဆောင်ကြီးရဲ့ အမိန့်အတိုင်း သခင်လေး ဂျိနင်ကို လာပြီး ဂါရ၀ ပြုကြတာပါ။"

"အိုး..."
ဆောင်းဦးသစ်ရွက်လေးက သားရေချပ်ကို လက်ခံလိုက်ပြီးတော့ သူတို့ကို ကြည့်လိုက်ပါတယ်။

ဒီ တောက်ပတဲ့ နှလုံးသား ကျွန်းက အရေးကိစ္စ မှန် သမျှက ဆောင်းဦးသစ်ရွက်လေးက စီမံခန့်ဖို့ကို ဂျိနင်က တာဝန်ပေးထာတာပါ။

သူမ စာကို ဖတ်လိုက်ပြီးတော့ ပြုံးပြလိုက်ပါတယ်။
"ကျွန်မတို့တွေဆီကို အလယ်ပိုင်းဒေသက အရမ်းတော်တဲ့ လူငယ်လေး ၆ ယောက် လာမယ်ဆိုတာ ကြိုပြီး သတင်းရထားပြီးပါပြီ။ အကုန်လုံး ကျွန်မနဲ့ လိုက်ခဲ့ကြပါ။"

"ကျွန်တော်တို့တွေ သခင်လေး ဂျိနင်ကို ဂါရ၀ လာပြုတာပါ။ သခင်လေးဂျိနင်က ကျွန်တော်တို့ကို တွေ့နိုင်ပြီလားမသိဘူး။"

လူငယ်လေး ၆ယောက်က မေးမြန်းလိုက်ပါတယ်။


"အားလုံးပဲ မလောကြပါနဲ့။ သခင်လေးကို ဒီနေ့တွေ့ရမှာပါ။"

သိပ်မကြာခင်ပဲ လူငယ်လေး ၆ယောက်ဟာ သက်တောင့်သက်သာဖြစ်အောင် ပြင်ဆင်ထားတဲ့ ဧည့်သည်နားနေဆောင်ကို ရောက်သွားပါတော့တယ်။ အခိုင်းအစေ ကောင်မလေးတွေကို ဆောင်းဦးသစ်ရွက်လေးက မှာလိုက်ပါတယ်..
"ဒီ ၆ ယောက်က အလယ်ပိုင်း ဂျိကလန်က အထူးဧည့်သည်တော်တွေပါ။ မင်းတို့တွေ ဂရုတစိုက်နဲ့ လိုအပ်တာ စီစဉ်ပေးလိုက်ပါ။"

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Where stories live. Discover now