Untitled Part 91

1.6K 204 1
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 5 (ဇီဖူ တန်ခိုးရှင်)

Chapter 17 ( လွမ်းဆွေးနေသော မိုးရေမျဉ်းတန်း )

တုံဇီကွီက ဂျိကလန်ရဲ့ အားနည်းချက်ကို တခါတည်းနဲ့ ခန့်မှန်းနိုင်ပါတယ်။ ဂျိနင်က ဂျိကလန်ရဲ့ ကျောက်တိုင်တစ်ခု ဖြစ်မယ်လို့ သူထင်ထားခဲ့သလို သူ့အတွေးတွေက မှန်နေပါတယ်။ ဂျိနင်က အနာဂတ် ဂျိကလန်အတွက် ကျောက်တိုင်ကြီး တစ်ခုဖြစ်လာမှာပါ။ ဂျိမီးတောက်ကိုးခုနဲ့ အရိပ်ဖွားဖွားတို့ အသက်စတေးရရင်တောင်မှ သူတို့တွေ ဂျိနင်ကို အဆုံးရှုံး မခံနိုင်ပါဘူး။

"မီးတောက်ကိုးခု.. ငါ့ကို တရားဝင် အမိန့်စာလွှာ မြန်မြန်ထုတ်ပေးလိုက်ပါ။ "

ဇီကွီက မျက်မှောင်ကြုတ်ပြီးတော့ အော်ဟစ်လိုက်ပါတယ်။


"ငါတို့ ဂျိကလန်က တော်တော် အားနည်းပြီးတော့ သေးငယ်တဲ့ ကလန်လေးပါ။ ဒါကြောင့်မို့လို့ ငါတို့ရဲ့ ဓာတ်သတ္ထုကြောကြီးကိုတောင်မှ မင်းတို့ဆီကနေ ဘာမှ အကျိုးအမြတ် မယူပဲ လွှဲပြောင်းပေးမယ်ပြောခဲ့တာပေါ့။ ဒါပေမဲ မင်းတို့က အတင်းအဓ္ဓမ တရားဝင် အမိန့်စာလွှာကို တောင်းနေတော့လည်း ... ဒါကတော့ အရမ်းကို တရားလွန်သွားပြီလို့ မထင်မိဘူးလား။ တရားဝင် အမိန့်စာလွှာက ဂျိကလန်ရဲ့ အခြေခံအုတ်မြစ်ပဲ။ ဘာလို့ ဂျိကလန်က..."

မီးတောက်ကိုးခု စကားပြောနေရာကနေ မျက်နှာရုတ်တရက်ပျက်သွားပြီးတော့ မြေပြင်ကို ငုံ့ကြည့်မိလိုက်ပါတယ်။

မြေပြင်က အနည်းငယ် တုန်ခါလို့ နေပါတယ်။

တုံဇီကွီတို့အဖွဲ့ ကတော့ တော်တော်လှမ်းလှမ်းမှာ မတ်တပ်ရပ်လျက် ရှိနေပါတယ်။ ဒီအထဲက မီးခိုးရောင် ၀တ်စုံနဲ့ လူရဲ့ မျက်လုံးက အရောင် လက်နေပါတယ်။ သူ့ရဲ့ ကီစွမ်းအင်က မြေကြီးထဲကို ၀င်ရောက်သွားခဲ့တာ အချိန်အတိုင်းအတာ တခု ကြာခဲ့ပါပြီ။ ဂျိကလန်က ဇီဖူ တန်ခိုးရှင်တွေ အာရုံ ခံစားလိုက်ရတဲ့ အချိန်မှာတော့ သူ့ရဲ့ ပညာရပ်က အသုံးပြုပြီးသား ဖြစ်နေခဲ့ပါပြီ။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Where stories live. Discover now