Untitled Part 56

1.9K 267 4
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 4

Chapter 2 ပဉ္စမမြောက် နန်းတော်ရှင်

ဒီလက်နက်ပေါင်း ထောင်ချီဟာ ဇင်တျန်တန်ခိုးရှင် ထောင်နဲ့ချီပြီး တစ်ပြိုင်တည်း တိုက်ခိုက်လိုက်တာနဲ့ တူညီပါတယ်။ နင်ရဲ့ စိတ်ဝိဥာဉ်ဟာ နတ်ဘုရား စိတ်အဆင့်ကိုေ၇ာက်နေတာမို့ သူ ဒီလောက်ရတနာ များများကို ထိမ်းချုပ်နိုင်တာပါ။

နင်သာ သာမာန် ဇင်တျန် ကီ ကျင့်စဉ်ကျင့်သူဆိုရင် ဒီလောက် အနာပြန်ကောင်း စွမ်းအား မပိုင်ဆိုင်ပါဘူး။ ဒါကြောင့် ဒီလိုမျိုး အစွမ်းကုန်သုံးလိုက်ရင် သွေးကြောတွေ ပေါက်သွားပြီး ဒုက္ခိတဖြစ်သွားမှာပါ။ အခုတော့ သွေးကြောပေါက်ပေမဲ့ ဖင်းဂေါ့ ခန္ဓာကိုယ်ကြောင့် အစွမ်းပြည့်တဲ့အခါကြရင် ပျက်စီးသွားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက ပြန်ကောင်းသွားမှာပါ။


"ရွှစ်"

သတ္တ၀ါကြီးက မကာကွယ်သလို မရှောင်ရှားပဲ မျှော်လင့်ချက်နဲ့ စောင့်စားနေပါတယ်။

နောက်ဆုံးတော့ ထိခိုက်သံတွေ ဆက်တိုက်ကြားလိုက်ရပြီး သူလဲကျသွားပါတော့တယ်။

"ငါ သူ့ကို ဒဏ်ရာရစေခဲ့လား?"

နင် မျှော်လင့်ချက်နဲက စောင့်ကြည့်နေမိပါတယ်။ သူ့တစ်ကိုယ်လုံးဟာ နှစ်ပိုင်းပြတ်လုမတတ် ရစရာမရှိအောင် စုတ်ပြတ်နေပြီး ဇင်တျန်ကီလည်း တစ်စက်မှ မကျန်တော့ပါဘူး။


"ငါ ငါ.. လုပ်နိုင်သွားပြီထင်တယ်။.. ငါ...."

အနက်ေ၇ာင် အမွေးနဲ့ သတ္တ၀ါကြီး ထထိုင်လိုက်ပြီးတာ့ သူ့ရင်ဝကို ငုံ့ကြည့်လိုက်ပါတယ်။ သူ့ရဲ့ အေ၇ပြားဟာ စုတ်ပြဲသွားပြီးတော့ အောက်က အနီရောင် ကြွက်သားတွေကို မြင်နေရပါတယ်။ သွေးနည်းနည်းကျနေတဲ့ ဒဏ်ရာဟာ ချက်ခြင်းပြန်ကောင်းသွားပြီး အစိမ်းရောင် သွေးစလေးတွေပဲ မြင်ရပါတော့တယ်။

နင် မျက်လုံး ၀ိုင်းသွားပါတယ်။ ဒါသတ္တ၀ါကြီးက သွေးထွက်လာတာလေ။

အောင်မြင်ပြီ။

သူအောင်မြင်သွားပြီ။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Where stories live. Discover now