Untitled Part 61

2K 258 2
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 4

Chapter 7 (Serpentwing ရေကန်တစ်ခုလုံး သွေးချင်းချင်း နီသွားခြင်း )

Serpentwing ပါးစပ်ကြီးကို ဟပြီးတော့ ရေတွေကို ကျဉ်ဆန်သဖွယ် အသုံးပြုပြီး ဂျိနင်ကို ပစ်ပါတော့တယ်။

ရွှစ်ရွှစ်ရွှစ်

အဆိပ်တွေ ပြည့်နေတဲ့ ရေလုံးတွေဟာ ဂျိနင်ဆီကို တိုးဝင်လာပါတယ်။ ဒါပေမဲ့ သူ မရှောင်တိမ်းပဲ လက်ထဲက ဒက်နော့ ဓားနဲ့ ရေပက်မ၀င် ဓားကွက်ကို ထုတ်သုံးလိုက်ပါတယ်။

အဆိပ်ရေတွေဟာ လမ်းကြောင်းပြောင်းသွားပြီး Serpentwing ကိုယ်ပေါ်ကို ပြန်လွင့်စင်သွားပါတယ်။

ကလက် ခလက်

Serpentwing အကြေးခွံတွေဟာ အရောင် တစ်ချက်တောက်သွားပြီးတော့ အဆိပ်ရေတွေကို ပြန်စုပ်ယူသွားပါတယ်။

နင်ရဲ့ ဘယ်ဘက်လက် က အဆိပ်ရေတွေကို ကာလိုက်ပြီး ညာဘက်လက်က ဒက်နော့ဓားနဲံ Serpentwing ဦးခေါင်းကို ထိုးချလိုက်ပါတယ်။

ဓားအလင်း လက်သွားပါတယ်။

ရွှမ်း

ဒီ ဓားချက်မှာ မိုးရေစက်ရဲ့ အစစ်အမှန် အဓိပ္ပာယ် ပါဝင်နေပြီးတော့ အရမ်းကို မြန်လွန်းတဲ့အတွက် Serpentwing တုန်လှုပ်သွားပါတယ်။ သူ့ခေါင်းကို အလျင်အမြန် ရှောင်တိမ်းလိုက်ပါတယ်။

"မိုးရေစက်!!!!"

နင် ရဲ့မျက်လုံဟာ ရေခဲတမျှ အေးစက်မှုတွေနဲ့အတူ ဓားရောင်လက်သွားပါတယ်။
"ကျောက်တုံးဖောက်!!!"

ဓားချက်ဟာ Serpentwing ရဲ့ ဦးခေါင်းဘေးအခြမ်းက အကြေးခွံတွေကို ထုတ်ချင်း ဖောက်ပြီးတော့ ထွက်သွားခဲ့ပါတယ်။ ဒီဓားချက်ကြောင့် ဦးခေါင်းခွံရိုးပါ ပေါ်လာပြီး သွေးတွေ လည်း ပန်းထွက်လာပါတယ်။


"သူ ငါ့ကို ဒဏ်ရာရအောင်လုပ်နိုင်တယ်???"

မိစ္ဆာအိုကြီး Serpentwing သွေးရူးသွေးတန်း တိုက်ခိုက်ပါတော့တယ်။ သူ့ဦးခေါင်းကြီးကို ခါယမ်းလိုက်သလို အရမ်းကိုကြီးမားတဲ့ တောင်ပံကြီးကလည်း နင်ဆီကို ရိုက်ချလာပါတော့တယ်။ သူ့ရဲ့အမြီးနဲ့ပါ ဆက်တိုက်ရိုက်ချလိုက်ပါတယ်။ သူဒီလိုတိုက်ခိုက်လိုက်တာကြောင့် ရေကန်ကရေတွေဟာ လှိုင်းတန်ပိုး ထန်သွားပါတော့တယ်။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Where stories live. Discover now