Untitled Part 67

2K 231 1
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 4

Chapter 13 (ဇီဖူ တန်ခိုးရှင်)

"လာစမ်းပါ.. ငါ့ကို လာသတ်ကြည့်စမ်းပါ..."


"ငါ သရဲ ဖြစ်ရင်တောင် မင်းကို ခွင့်မလွှတ်နိုင်ဘူး..."


"အား....."

"မလုပ်ပါနဲ့.. မလုပ်ပါနဲ့..."

လူတွေ နည်းမျိုးစုံ နှိပ်စက်ခံနေရတာကြောင့် ထွက်ပေါ်လာတဲ့ အသံတွေကို နင် အမှောင်ထုထဲမှာ မတ်တပ်ရပ်လျက်နဲ့ ကြားနေရပါတယ်။

နင် စဉ်းစားရေရွတ်မိပါတယ်....
"သူတို့တွေက ကျွန်တွေကို အသည်းအသန် ၀ယ်နေတယ်... ပြီးတော့ ရွာတချို့က ခေါင်ဆောင်တွေကိုတောင် ထိန်းချုပ်ပြီးတော့ တခြားရွာတွေကို စစ်ခင်းပြီး ကျွန်တွေကို ဖမ်းဆီးနေတာ... သူတို့ ဘာလုပ်ဖို့ပါလိမ့်..."


"ဘာပဲဖြစ်ဖြစ် ငါအရင်ဆုံး လွတ်အောင် ထွက်သွားမှ ဖြစ်မယ်...."

နင် ပတ်ဝန်းကျင်ကို တစ်ချက် လေ့လာလိုက်ပြီးတော့ တစ်ကီလိုမီတာလောက် ရောက်သွားအောင် ထွက်ပြေးကြည့်လိုက်ပါတယ်။ နောက်တော့ သူ ခုန်လိုက် ပြေးလိုက် နောက်ဆုတ်လိုက်နဲ့ နည်းမျိုးစုံကို စမ်းသပ်ကြည့်ကြည့်ပါတယ်။ ဒါပေမဲ့ အမှောင်ထုထဲမှာ နင် ဘယ်လိုပဲ မြန်မြန်ဆန်ဆန် ရွေ့လျားရွေ့လျား သူဝင်္ဂဘာထဲကနေ ထွက်လို့မရဖြစ်နေပါတယ်။

"ဒါအခြေအနေမကောင်းဘူး..."
"ဒါ သာမာန် ၀င်္ဂဘာ မဟုတ်ဘူး.....ငါ ဒီလောက် မြန်မြန်ပြေးပြီးတော့ ဦးတည်ချက်တွေလည်း ပြောင်းနေပါလျက်နဲ့ ၀င်္ဂဘာက အရမ်းကို တည်ငြိမ်နေတယ်။ ဒီ ဖော်မေးရှင်း ၀င်္ဂဘာကို ထိန်းချုပ်သူဟာ ဘယ်လိုမှ ဇင်တျန် တန်ခိုးရှင် မဖြစ်နိုင်ဘူး။"

လွန်ခဲ့တဲ့ အချိန်တုန်းက နင်က ၀င်္ဂဘာကျမ်း ကိုး ကျမ်းကို လေ့လာခဲ့သေးတယ်လေ။ ဒါကြောင့် သူ ၀င်္ဂဘာပညာကို အတော်အတန် နားလည်နေပါတယ်။ ဒီ ၀င်္ဂဘာက ယင်ယန် စွမ်းအင် ၀င်္ဂဘာလိုမျိုး သာမာန် ၀င်္ဂဘာ တစ်ခု မဟုတ်ပါဘူး။ အရမ်းကို ရှုပ်ထွေးတဲ့ ၀င်္ဂဘာတစ်ခုဖြစ်ပြီးတော့ ဒီ ၀င်္ဂဘာတည်ဆောက်ရာမှာ သုံးတဲ့ မှော်ရတနာဟာ အဆင့် သတ်မှတ်မှု ရှိတဲ့ မှော်ရတနာ တစ်မျိုး ဖြစ်ပါလိမ့်မယ်။ ဇင်တျန် တန်ခိုးရှင်ဟာ ဒီလိုမှော်ရတနာကို မထိန်းချုပ်နိုင်သေးပါဘူး။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Where stories live. Discover now