Untitled Part 68

1.9K 221 0
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 4

Chapter 14 (လေးစားကြောက်ရွံ့ရသော ဆရာသမား)

ဂျိရီချွမ် မျက်မှောင်ကြုတ်ပြီးတော့ ကျောက်တုံးလမ်းလေးပေါ်မှာ လမ်းလျှောက်သွားနေပါတယ်။ အခု ဖြစ်နေတဲ့ ကိစ္စဟာ ဂျိကလန်အတွက် အရမ်းကို အရေးကြီးပါတယ်။ ဒါပေမဲ့ ဒီကမ္ဘာမှာ ဆက်လက်ရှင်သန်ဖို့အတွက် ဒီလို လောကကြီးရဲ့ ထုနှက်မှုတွေကို အမြဲတမ်း ကြံ့ကြံ့ခံ ဖြတ်ကျော်နိုင်မှ ဖြစ်မှာပါ။ အချိန်ကာလ ကြာမြင့်ခဲ့ပြီဖြစ်တဲ့အတွက် ချိုင့်ဝှမ်းဒေသမှာ ဂျိကလန်ရဲ့ အရင်းအမြစ်ဟာ အရမ်းကို နက်ရှိုင်းနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို လောကဓံရဲ့ တိုက်ခိုက်မှုကို ရင်မဆိုင်နိုင်တော့ရင် သူတို့ကလန် လောကကနေ ပျောက်ကွယ်သွားရမှာ အမှန်ပါပဲ။ ကံကောင်းရင်တော့လည်း သွေးမျိုးဆက်တွေ တစ်ယောက်စ နှစ်ယောက်စ အသက်ရှင်ကျန်ရစ်ပြီး နောင်တစ်ချိန်မှာ ကလန်ကို ပြန်တည်ထောင်ရင် တည်ထောင်နိုင်မှာပေါ့။

"သခင်ကြီး"


"သခင်ကြီး"

သူ့အိမ်တော်ကို ပြန်ရောက်တော့ အစောင့်တွေက ဒူးထောက်ကြိုဆို နေကြပါတယ်။

သူ အခန်းထဲမှာ ခန နားနေတုန်းမှာ အစေခံ ကောင်မလေး တစ်ယောက် ပြေးဝင်လာပါတယ်။ ရီချွမ်ကို မြင်လိုက်တော့ ကြောက်လန့်တကြား ဒူးထောက်အရိုအသေပေးလိုက်ပါတယ်။


"ဘာလို့ အလောတကြီး ဖြစ်နေရတာလည်း။ ကိုယ့်ကိုကိုယ်လည်း ကြည့်ဦး။"

"သခင်ကြီး.. သခင်မ.. သခင်မလေ.."

ကောင်မလေး မျက်နှာက ဖြူဖပ်ဖြူလျော် ဖြစ်နေပါတယ်။

ရီချွမ် မျက်နှာ ချက်ချင်းပြောင်းလဲသွားပါတယ်။
"စနိုးဘာဖြစ်လို့လည်း။"


"သခင်မ မေ့လဲသွားလို့ပါ။"

"မေ့လဲသွားတယ်...."

ရီချွမ် ထိတ်လန့်သွားပါတယ်။ ကီတန်ခိုးရှင် တစ်ယောက်အနေနဲ့ သူမက ဘယ်လိုလုပ် မေ့လဲနိုင်မှာလည်း။ ဖြစ်နိုင်တာက တစ်ခုပဲ ရှိတယ်။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Where stories live. Discover now