Untitled Part 55

1.9K 239 3
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 4

Chapter 1 သူစောင့်နေခဲ့တာ.....

နင့် တစ်ကိုယ်လုံး ရစရာမရှိအောင် စုတ်ပြတ်သတ်သွားပါတယ်။ သူ့ အတွင်းကလီစာတွေပါ ထွက်ကျလာပါတယ်။ ဒါပေမဲ့ ဖင်းဂေါ့ ခန္ဓာကိုယ် ကြောင့် ချက်ချင်း ပြန်လည် အနာကျက်ပြီး ပြန်ကောင်းသွားပါတော့တယ်။ သူ အခုခံစားမှုအာရုံတွေ ပြန်ရလာပါပြီ။

"အရမ်း ကြောက်ဖို့ ကောင်းတာပဲ။ သူ့ရဲ့ အမြန်နှုန်း.... သူ့လက်ဝါးက ငါဘယ်လိုမှ ရှောင်လို့ မရဘူး။ ခုနက လူ့ဘီလူးကြီးတွေနဲ့ တခြားစီပဲ။"

ဟို အနက်ရောင် အမွှေးရှည်နဲ့ သတ္တ၀ါကြီးက
"ငါ စောင့်နေတာကြာပြီ။ ဘယ်လောက်တောင် ကြာပြီလဲဆိုတာ ငါ မသိတော့ဘူး။ မင်း အနေနဲ့ ဒီ စမ်းသပ်ချက် ၃ချက်ကို မသေပဲ ကျော်ဖြတ်သွားရင် ရပြီ။ မင်းငါ့ကို သတ်ဖို့ မလိုဘူး။ ငါ့ကို တစ်ချက်လောက် အနောက် ယိုင်သွားအောင် .. ပြောရရင် ဒဏ်ရာနည်းနည်းလောက် ရအောင် လုပ်နိုင်ရင် ရပြီ။"


"မင်းကို နောက်ယိုင်သွားအောင်..."


"မဟုတ်ဘူး... သေချာပြောရရင် မင်းငါ့ကို နည်းနည်းလောက် ဒဏ်ရာလေး ပေးလိုက်နိုင်ရင် .. ဥပမာ..ငါ့ရဲ့ အရေပြားကို ဖောက်နိုင်ရင် ငါသွေးထွက်လာမယ်။ အာ့ဆိုရပြီ။"

"ငါ မှတ်မိသလောက်ဆို အင်မော်တယ် ဂျူဟွာ နောက်ဆုံး တပည့်လက်ခံခဲ့တုန်းက လူ၁၀ယောက် လောက် ငါ့ဆီ ရောက်လာခဲ့တယ်။ အဲ့တုန်းက လူငယ်လေးတစ်ယောက်က အရမ်းအစွမ်းထက်တဲ့ တာအို တံဆိပ်တော်ကို အသုံးပြုပြီးတော့ ဒဏ်ရာရစေခဲ့တယ်။ ဒါပေမဲ့ ငါက ခြေတစ်လှမ်းပဲ ဆုတ်ခဲ့ပြီး မလှဲချလိုက်ဘူး။ ငါသာ လှဲချလိုက်ရင် ဒီလို အထီးကျန်တဲ့ နှစ်ပေါင်းများစွာကို ကျော်ဖြတ်ဖို့ မလိုတော့ဘူး။ အထီးကျန် အချိန်တွေဟာ အရမ်းကို ကြောက်ဖို့ကောင်းတယ်။ ကြောက်ဖို့ကောင်းတယ်။"

ဒီလောက် နှစ်ပေါင်းများစွာကို သာမာန် အင်မော်တယ် တစ်ယောက် အသက် မရှင်နိုင်ပါဘူး။ ကောင်းကင် တန်ခိုးရှင်သာ အသက်ရှင်နိုင်တာပါ။ ဒါပေမဲ့ ဒီသတ္တ၀ါကြီးက ကောင်းကင်တန်ခိုးရှင်လည်းဖြစ်ပုံမရပါဘူး။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Where stories live. Discover now