ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 5 (ဇီဖူ တန်ခိုးရှင်)
Chapter 7 ( အမေ့ကို ပြန်တွေ့ခြင်း )
သစ်ရွက်ပျံကြီးပေါ်မှာ နင်နဲ့ တခြားလူ အယောက် ၂၀လောက်ပါလာခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ တိမ်တွေကို ဖြတ်သန်းပြီးတော့ အနောက်ပိုင်း ဂျိမြို့တော်ကို နင်တို့ ရောက်သွားခဲ့ပါတော့တယ်။
"သူတော်စင်.. ခုနက ပိုင်ဇီရှန်က နှင်းနဂါးတောင်ကလို့ ပြောလိုက်သလားလို့"
နင် မေးကြည့်လိုက်ပါတယ်။
"ဟုတ်တယ်.. နှင်းနဂါးတောင်ကပဲ"
"နှင်းနဂါး တောင်ဆိုတာက ဒီစတေားဝါးတား နယ်မြေကြီးထဲမှာ အစွမ်းထက်တဲ့ အင်အားကြီး တစ်ခုလို့ ပြောလို့ရတယ်။ ဒီ ကျောင်းတော်ကြီးထဲမှာ မူလတာအို တန်ခိုးရှင်တွေ အများကြီး ရှိနေပြီးတော့ သူတို့ရဲ့ အရင်းအမြစ်ဟာ အရမ်းကို နက်ရှိုင်းလွန်းတယ်။"နင် ရင်ထိတ်သွားပါတယ်။
မူလတာအို တန်ခိုးရှင်တွေ အများကြီး ရှိနေတယ်....
"သေချာပြောရရင်တော့ ကျောင်းတော်ကြီးက အရမ်းကို ကြီးမားလွန်းလို့ သင်ကြားတဲ့ သင်ခန်းစာတွေကလည်း အရမ်းကို များလွန်းတယ်။ ဒါကြောင့် မိစ္ဆာပညာကို သင်တဲ့ စာသင်ခန်းတွေလည်း ရှိနေတာ။ တချို့ မိစ္ဆာလမ်းကြောင်းလိုက်စားတဲ့ အင်မော်တယ်တွေက ဒီလို စာသင်ခန်းတွေမှာ တက်ရောက်သင်ကြားကြတယ်လေ။ နှင်းနဂါးတောင်က ပါဝါကို အရမ်း ဂရုစိုက်တယ်။ ဒါကြောင့် သူ့မှာ မိစ္ဆာ လမ်းစဉ် လိုက်စားသူတွေကော၊ အင်မော်တယ် လမ်းစဉ် ရိုးရိုး လျှောက်လှမ်းသူတွေကော၊ ဗုဒ္ဓလမ်းစဉ် ကျင့်ကြံသူတွေ အပြင် တခြား လမ်းစဉ် လျှောက်သူတွေ အကုန် ရှိနေတယ်။ သူက အစွမ်းရှိသူကို ဦးစားပေးတယ်လေ"သူတော်စင်မူ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။
"ဒါကြောင့် ဒီနှင်းနဂါးတောင်မှာ ငါးနဲ့ နဂါးတွေဟာ ရောနှောနေကြတယ်။ အစွမ်းထက်လိုသူတွေကလည်း နှင်းနဂါးတောင်ကို လာပြီး ၀င်ရောက်လာကြတဲ့အတွက် သူ့ရဲ့ အင်အားဟာ တဖြည်းဖြည်း ကြီးမားလာတယ်။ သူတို့က နေ ထွက်ခွာလာတဲ့ ဇီဖူတန်ခိုးရှင်တွေဟာလည်း နှင်းနဂါးတောင်ရဲ့ အလံကို လွှင့်ထူပြီးတော့နယ်မြေတွေကို တည်ထောင်အုပ်ချုပ်ကြတယ်။သူတို့တွေကို ဂိုဏ်းခွဲတွေလို့ ပြောလို့ရတယ်။ ဒီဂိုဏ်းခွဲတွေကလည်း အလားအလာ ရှိတဲ့ လူငယ်တွေကို စုဆောင်းပြီး မူလ ကျောင်းတော်ကြီးကို ပို့ပြီး ပညာသင်စေတယ်။ ဒါနဲ့ပဲ နှင်းနဂါးတောင်ဟာ အရမ်းကို ကျယ်ပြန့်လာပြီတော့ အဆမတန် အင်အားကြီးမားလာတာပဲ။"
KAMU SEDANG MEMBACA
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)
Fantasiအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ၀ါဒကို အခြေခံထားတဲ့ သိုင်း ၀တ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိုက်နေ...