ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 5 (ဇီဖူ တန်ခိုးရှင်)
Chapter 24 ( သတ္ထုတွင်းထဲမှ ကျောက်ခန်းငယ် )
ပတ်ဝန်းကျင်မှာ မြူတွေ ဆိုင်းနေပါတယ်။ နင် သူ့ဘေးက ငါးယောက်ကို ကြည့်လိုက်တော့ အကုန်လုံး အေးဆေးနေကြတာ တွေ့လိုက်ပါတယ်။ သူတို့တွေ ဆုံးဖြတ်ချက် ချပြီးသွားတာ သေချာပါတယ်။
"ငါက ခေါင်းဆောင်ဆိုတော့ ဂျိကလန်ရဲ့ ကလန်သားတွေ အတွက် ဂျိကလန်ရဲ့ ဂုဏ်သိက္ခာအတွက် ငါ ရှေ့ကို ထွက်ပြီးတော့ နှင်းနဂါးတောင်နဲ့တိုက်ပွဲ ရင်ဆိုင်မှာပါ။"
အရိပ်ဖွားဖွားကလည်း အက်ကွဲနေတဲ့ လေသံနဲ့
"ငါလည်း နှစ်ပေါင်းလေးရာကျော် အသက်ရှင်ခဲ့ပြီးပြီ။ ငါနဲ့ ဂျိမီးတောက်ကိုးခုက နှစ်ပေါင်းနည်းနည်း အသက်ဆက်ရှင်ဖို့အတွက်ကို ကလန်သားတွေ သေဆုံးရတာ ကြည့်နေစရာလား။ ပြီးတော့ ငါ့ရဲ့ အကိုကြီးနဲ့ သေမင်းကို အံတုပြီး တိုက်ပွဲကို ရင်ဆိုင်ရတဲ့အတွက်လည်း အရမ်းကို ပျော်ရွှင်မိတယ်။"
"ငါ့ရဲ့ သခင်မအနားမှာ ငါအမြဲ ရှိမှာပါ။"ကျွန်အိုကြီး အားရှင်ကလည်း ပြောလိုက်ပါတယ်။
မီးတောက်ကိုးခုက ပြုံးလိုက်ပြီးတော့
"ငါတို့ လူအို ၃ယောက် ရှိနေတာ လုံလောက်ပါတယ်။"အမှန်တရား စောင့်ထိန်းသူက
"ခေါင်းဆောင်ကြီး.. ကျွန်တော်လည်း ကျွန်တော့ ပါရမီ ဘယ်လောက်ပဲ ရှိလည်းဆိုတာ နားလည်ပါတယ်။ ဂျိကလန်ရဲ့ ဇီဖူတန်ခိုးရှင်တွေမှာ ကျွန်တော်က သာမန်အဆင့်ပါပဲ။ ကျွန်တော် ၀မ်ရှင်း သူတော်စင် ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီ တိုက်ပွဲက ကျွန်တော်တို့ ဂျိကလန်ရဲ့ သေရေးရှင်ရေး တိုက်ပွဲတစ်ခုပါ။ ကျွန်တော် ပုန်းအောင်း မနေနိုင်ပါဘူး။"
ရီချွမ်က ပြုံးလိုက်ပြီးတော့
"ခေါင်းဆောင်ကြီးလည်း ကျွန်တော့် အခြေအနေကို နားလည်ပြီးသားဖြစ်မှာပါ။ ကျွန်တော့်ရဲ့ အင်မော်တယ် လမ်းဟာ ပျက်ဆီးနေပါပြီ။ ကျွန်တော် အဓိပ္ပာယ်မရှိပဲ တိတ်တဆိတ် မသေသွားချင်ပါဘူး။ ဒီတိုက်ပွဲမှာ ကျွန်တော် ပါမှာပါ။"
![](https://img.wattpad.com/cover/156753722-288-k366958.jpg)
YOU ARE READING
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)
Fantasyအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ၀ါဒကို အခြေခံထားတဲ့ သိုင်း ၀တ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိုက်နေ...