Untitled Part 100

2.7K 247 12
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 5 (ဇီဖူ တန်ခိုးရှင်)

Chapter 26 ( မုန်တိုင်း နီးကပ်လို့ လာခဲ့ပြီ )

နင်က ရေကန်လေးထဲမှာ တရားထိုင်နေပါတယ်။ သူ့ရဲ့ အော်ရာတွေက တဖြည်းဖြည်းနဲ့ ပြင်းထန်လာခဲ့ပါတယ်။ သူပါးစပ်ကို ဟပြီးတော့ အရည်ဖွဲ့ ဓာတ်စွမ်းအင်ကို အငမ်းမရ ဆက်တိုက် စုပ်ယူနေတဲ့အတွက် ရေကန်ထဲက အလွှာဟာ တဖြည်းဖြည်းနဲ့ ခန်းခြောက်လာခဲ့ပါတယ်။

ရုတ်တရက် နင် ပါးစပ်ကို ပိတ်လိုက်ပါတယ်။

ဝှူး

သူ ပြုံးပြီးတော့ ရေကန်ထဲက အရည်ဖွဲ့ ဓာတ်စွမ်းအင်တွေကို ကြည့်လိုက်ပါတယ်။

"ဒါက ငါ့ကို ဇင်တျန်အထွဋ်အထိပ် အဆင့်ကို ကျော်ဖြတ်သွားစေပြီးတော့ ဇီဖူ ကို တည်ဆောက်လိုက်နိုင်စေတယ်။ ဒီ စွမ်းအင်က ငါ နှစ်နှစ် ၃နှစ်လောက် လေ့ကျင့်ရမဲ့အချိန်ကို သက်သာသွားစေတာပဲ။ ပြီးတော့ ငါ အရည်ဖွဲ့ ဓာတ်စွမ်းအင် ပမာဏ ၃ ပုံ တစ်ပုံလောက် သုံးလိုက်ရတာပဲ။"

ရေနွေးတစ်အိုးကျက် ကြာချိန်လောက်မှာပဲကို သူဇီဖူ ဖြစ်ပြီးတော့ အခြေခံကို တည်ဆောက်လို့ ပြီးသွားခဲ့ပါပြီ။ ပုံမှန်ဆို သူ နှစ်နှစ် သုံနှစ်လောက်ကြာနိုင်ပါတယ်။

အင်း ငါ ကျန်တဲ့ အရည်ဖွဲ့ ဓာတ်စွမ်းအင် နှစ်ပုံကို သုံးလိုက်ရင် ငါ ဇီဖူအလယ်အလတ် အဆင့်ကို တန်းရောက်သွားနိုင်တယ်။ ဒါပေမဲ့ သူ့ရဲ့ ရေဓာတ် ကျင့်စဉ်ကို သုံးပြီးတော့ ဇီဖူ အလယ်အလတ်အဆင့်ကို ရောက်အောင် အလောတကြီး ကျင့်လိုက်ရင် အနာဂတ်မှ ကီကျင့်စဉ်ကျင့်သူတစ်ယောက်အနေနဲ့ တိုးတက်ဖို့က အင်မတန်မှကို ခက်ခဲသွားလိမ့်မယ်။

ရေဓာတ်ကျင့်စဉ်ပညာရပ်က အဆင့်နိမ့် ပညာရပ် တစ်ခုပါ။ ဇီဖူအဆင့်အထိကို ဒီကျင့်စဉ်နဲ့ ကျင့်သွားလို့ ကိစ္စ သိပ်မရှိပါဘူး။ လူတိုင်းရဲ့ ဇီဖူက အတူတူပါပဲ။ ဒါပေမဲ့ ဇီဖူအလယ်အလတ် အဆင့်အထိကို ကျင့်လိုက်မယ်ဆိုရင်တော့ သူ့ရဲ့ စွမ်းအင်တွေက သန့်စင်တော့မှာ မဟုတ်ပါဘူး။ ခြေတစ်လှမ်း မှားလိုက်တာနဲ့ အနာဂတ်မှာ သူပြန်လည် မပြင်ဆင်နိုင်တော့ပါဘူး။ ဒီကျင့်စဉ်နဲ့ သာဆိုရင် ၀မ်ရှင်းသူတော်စင် ဖြစ်လာဖို့ အဆပေါင်း ထောင်သောင်းချီပြီး ပိုခက်ခဲလာမှာ သေချာပါတယ်။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Where stories live. Discover now