Untitled Part 65

1.9K 231 1
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 4

Chapter 11 (သခင်လေး ဂျိနင် ဒီမှာ ရှိနေတယ်)

ကလေးငယ်က သတ္တ၀ါ အနက်ကြီးကျောပေါ်က လူငယ်ကို ကြည့်နေမိပါတယ်။ ဒီ လူငယ်လေးဟာ အရမ်းကို အစွမ်းထက်သူ တစ်ယောက် ဖြစ်မယ်ဆိုတာ သူနားလည်နေပါတယ်။ သူ ကြောက်လည်း ကြောက်နေမိပါတယ်။

"ကျောက်တုံးပြာလေး...."


"ငါ နဲ့ အတူ လိုက်ခဲ့ပြီး မင်းအမရဲ့ အုတ်ဂူကို သွားရှိခိုးကြရအောင်..."

ကလေးငယ်က ဂျိနင်ပြောတာကို မငြင်းဆန်ရဲပဲ ကြောက်ရွံ့စွာ လိုက်ပါလာပါတယ်။ ဒီလိုနဲ့ သူတို့တွေ နွေဦးမြက်ကလေး အုတ်ဂူနေရာကို ရောက်သွားပါတော့တယ်။


ရွာသားတွေက ကန်တော့တဲ့ ပစ္စည်းတွေကို စီစဉ်ပေးထားပါတယ်။

"နွေဦးမြက်ကလေး ငါပြန်ရောက်လာပြီ..မြစ်ကမ်းပါး ကလန်က မြစ်တန်ခိုးရှင် ဟီ က သေသွားပါပြီ။ Serpentwing ရေကန်က Serpentwingကြီးလည်း သေသွားပါပြီ။ မင်းရဲ့ ရန်သူမှန်သမျှ အသက်ရှင်လျက် ကျန်တဲ့သူ မရှိတော့ပါဘူး။"

Serpentwing သေသွားပြီဆိုတဲ့ အသံလည်းကြားလိုက်ရော ဘလက်တု ရွာသားတွေ မယုံကြည်နိုင်စွာနဲ့ ပါးစပ်အဟောင်းသား ဖြစ်သွားကြပါတယ်။

"ဘယ်လို .... မိစ္ဆာကြီး SErpentwing သေသွားပြီ ဟုတ်လား....?"

"ကျောက်တုံးပြာက မင်းရဲ့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ တစ်ဦးတည်းသော မောင်လေး မဟုတ်လား။"

နင်က အူကြောင်ကြောင်ရပ်ကြည့်နေတဲ့ ကလေးငယ်ကို ဆွဲယူလိုက်ပါတယ်။
"ငါ မင်းရဲ့ ဂူရှေ့မှာ ကျိန်ဆိုတယ်။ ကျောက်တုံးပြာလေးကို ကောင်းကောင်းမွန်မွန် သင်ကြား စောင့်ရှောက်ပေးပါမယ်လို့။"

ကျောက်တုံးပြာလေးလည်း အရမ်းကို အံ့သြသွားပါတယ်။ ဘလက်တုကတော့ အရမ်းကို ပျော်ရွှင် သွားပါတယ်။

"ကျေးဇူးအများကြီး တင်ပါတယ် သခင်လေးခင်ဗျာ..."

သူကိုယ်တိုင်က မျိုးနွယ်စု သေးသေးလေးတစ်ခုရဲ့ ခေါင်းဆောင်ပဲဆိုတော့ သူ့သားရဲ့ အနာဂတ်က ဘယ်လိုလုပ် တောက်ပမှာလည်း။ ဒါပေမဲ့ သခင်လေး ဂျိနင်သာ ကူညီမယ်ဆိုရင် အနာဂတ်ဟာ အများကြီး ပြောင်းလဲသွားမှာ အမှန်ပဲလေ။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Donde viven las historias. Descúbrelo ahora