ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 4
Chapter 17 ( ကြမ်းလွန်းတဲ့ တိုက်ပွဲတခု)
တောင်တွေထဲကတစ်နေရာမှာတော့
မျက်ကန်းငါးရဲ့ ခန္ဓာကိုယ်ဟာ သွေးတွေနဲ့ ရွှဲနစ်နေပါတယ်။ သူ့ကို ကျောက်တိုင်မှာ ချည်နှောင်ထားပါတယ်။ သူ ဒီကိုရောက်ခဲ့တဲ့နေ့ထဲက မျှော်လင့်ချက်မဲ့ခဲ့တာပါ။ ဒါပေမဲ့ သူ အံကို တင်းတင်းကြိတ်ပြီးတော့ နှိပ်စက်တဲ့ အာဏာ ပါးကွက်သားတွေကို လှောင်ပြောင်ရန်စနေပါသေးတယ်။
"မင်းတို့ ဒီလောက်ပဲ ပျော့ရသလား... ကြမ်းကြမ်းရိုက်စမ်းပါ။ ငါ့ကို ပိုပြီး ကြမ်းကြမ်း ရိုက်စမ်းပါ။ မင်းကလေးတုန်းက နို့မ၀ခဲ့ဘူးလား။"
ရုတ်တရက်
"မင်းတို့ရဲ့ သခင်လေး ဂျိနင်က မကြာခင်မှာ မင်းတို့နဲ့အတူ အဖော်လာပြုတော့မှာပါ။"ဟားဟားဟား
ရယ်မောသံက ပဲ့တင်သံထပ်သွားပါတယ်။
"ဂျိနင်...."မျက်ကန်းငါး တစ်ကိုယ်လုံး တုန်လှုပ်သွားပါတော့တယ်။
"သခင်လေး ဂျိနင်... မြန်မြန် ထွက်ပြေးပါတော့.. ဒီ မှာ အင်မော်တယ် တန်ခိုးရှင်တစ်ယောက်က မိစ္ဆာရတနာကို ဖန်တီးနေတာ!!!!!"မျက်ကန်းငါးဘေးမှာ ချည်နှောင်ခံထားရတဲ့ ဂျိတ်ဝျစ်လည်း ဦးခေါင်း ငိုက်စိုက်နဲ့ မျှော်လင့်ချက်မဲ့နေခဲ့ပါတယ်။ သူ အသံကြားလိုက်တော့ ရုတ်တရက် ခေါင်းထောင်လိုက်ပြီး
"ဂျိနင်.. ဂျိနင်.."
"ဂျိနင် မြန်မြန်ပြေးဟ.. ပြေးတော့"ဂျိတ်ဝျစ် အသည်းအသန် အော်ဟစ်လိုက်ပါတယ်။
အတိတ်တုန်းက သူက သူ့အဖေကို အနောက်ပိုင်းကလန် ခေါင်းဆောင်နေရာကို ဆက်ခံစေချင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ ရှုံးနိမ့်သွားတော့ ဂျိနင်ကို သူတို့တွေရင်ထဲကနေ ကျေကျေနပ်နပ် ခေါင်းဆောင်သစ်အဖြစ် အသိအမှတ် ပြုခဲ့ကြပါတယ်။ ဂျိနင်က သူတို့အနောက်ပိုင်း ဂျိကလန်ရဲ့ ခေါင်းဆောင် ဖြစ်လာမှာပါ။ သူ ဂျိနင်ရဲ့ ပါရမီ ကောင်းလွန်းတာကိုလည်း ကိုယ်တိုင်တွေ့ခဲ့ရပါတယ်။ အနောက်ပိုင်း ဂျိကလန်ဟာ အရမ်းကို ကျော်ကြားလာမှာပါ။ သူ့ရဲ့ သွေးကြောတွေကို ဖမ်းဆီးခံရတုန်းက ဖျက်ဆီးခံလိုက်ရပြီးပါပြီ။ သူ့ကလန်က အရမ်းကို ထက်မြက်တဲ့ ပါရမီရှင်လေး သေသွားမှာကို သူ မလိုလားပါဘူး။ ဂျိနင်သေသွားရင် ဂျိကလန် ဟာ ပျက်ရယ်ပြုစရာ တစ်ခု ဖြစ်သွားမှာပါ။

YOU ARE READING
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)
Fantasyအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ၀ါဒကို အခြေခံထားတဲ့ သိုင်း ၀တ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိုက်နေ...