Untitled Part 76

2K 269 14
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 5 (ဇီဖူ တန်ခိုးရှင်)

Chapter 2 ( ဓားပျံငယ်တစ်ထောင် ၀င်္ဂဘာသိုင်း စသတ်ပြီ )

မီးငှက်နီနဲ့ မြွေနက်ကြီးက အခုတော့ ကောင်းကင်မှာ စိတ်မရှည်စွာ စောင့်နေကြပါတယ်။ သူတို့တွေက ဂျိနင်ကို ရှာဖွေဖို့ခိုင်းလိုက်တာပါ။ သူတို့ ၃ကြိမ်အော်လိုက်ပေမဲ့ ဘာမှ တုံ့ပြန်မှု မရှိပါဘူး။

"သခင်လေးက ဒီနားမှာ မရှိဘူးလား။"

မြွေနက်ကြီး စိတ်မရှည်စွာပြောလိုက်ပါတယ်။


"အကိုနက် အောက်ကို ကြည့်ကြည့်ပါဦး"

မြွေနက်ကြီးအောက်ကို ငုံ့ကြည့်လိုက်တော့ ခုနက ငြိမ်သက်နေတဲ့ တောအုပ်ထဲမှာ သံချပ်ကာဝတ် တာအို စစ်သည်တော်တွေကို ရေခဲနဲ့ မီးက ၀ါးမျိုသွားတာတွေ့ရပါတယ်။ ပြီးတော့ တာအိုစစ်သည်တော်တွေနဲ့ ဇင်တျန်တန်ခိုးရှင်တွေ အသည်းအသန် ချိတ်ဆက်ပြီးတော့ ရေနဂါး ၈ကောင် ပြောင်းလဲသွားတာပါ တွေ့လိုက်ရပါတယ်။ မီးငှက်နီနဲ့ မြွေနက်ကြီးထိတ်လန့်သွားပါတော့တယ်။


"တာအို စစ်သည်တော်တွေ... ထောင်နဲ့ချီပြီးတော့ ချိတ်ဆက်လိုက်တယ်။"

ဒီချိုင့်ဝှမ်းဒေသက အင်အားစုကြီးတွေက ဘယ်သူမှ ဒီလိုမျိုး မစွမ်းဆောင်နိုင်ကြပါဘူး။ စောင့်မုန့်မြို့တော်မှာ တပ်စွဲထားတဲ့ တော်ဝင်ရှအင်ပါယာရဲ့ စစ်တပ်သာ ဒီလို အစွမ်းရှိပါတယ်။
"ဒီလောက် ကြမ်းတဲ့ အင်အားတွေ ... ငါတို့ ၂ယောက်သာ ၀င်တိုက်ရင် ချက်ခြင်းသေမှာပဲ။"

"ကြည့်စမ်း.. သခင်လေးဂျိနင်"

တာအို စစ်သည်တော်တွေရဲ့ အရှေ့မှာတေ့ အရမ်းကို သားရဲတစ်ကောင်သဖွယ် သွေးဆာ ကြမ်းတမ်းနေတဲ့ အော်ရာတွေဖြာထွက်နေတဲ့ သားမွေးဝတ်စုံနဲ့ လူငယ်လေး တစ်ယောက်ရှိနေပါတယ်။ သူကတော့ ဂျိနင်ပါပဲ။

"သခင်လေး ဂျိနင်... သူက ဘယ်လိုလုပ် ဒီ တာအို စစ်သည်တော် ထောင်ပေါင်းများသွာကို ရင်ဆိုင်နိုင်မှာလည်း။"


"ဂျိနင်.. မြန်မြန်ပြေးဟေ့"

မြွေနက်ကြီးက အသည်းအသန် အော်ဟစ်လိုက်ပါတယ်။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Dove le storie prendono vita. Scoprilo ora