ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 4
Chapter 10 (၀င်္ဂဘာကျမ်း ၉ ခု)
Serpentwing ရေကန်ကနေ ဘလက်တု မျိုးနွယ်စုကို သွားတဲ့ ခရီးလမ်းက အရမ်းကို ဝေးကွာပါတယ်။ သတ္တ၀ါနက်ကြီးတွေ နဲ့ နေ့ည မနား ခရီးနှင်တာတောင် ၃ရက်တိတိကြာသွားခဲ့ပါတယ်။
ညအချိန်မှာ...
မီးပုံထဲက မီးတောက်တွေ ကခုန်နေကြပါတယ်။ နင် နဲ့ ဆောင်းဦးသစ်ရွက်လေးတို့ မီးပုံဘေးမှာထိုင်နေကြပြီးတော့ မိုဝူကတော့ ကင်းစောင့်နေပါတယ်။
"ငါ ရေအောက်နန်းတော်က ရခဲ့တဲ့ ပစ္စည်းတွေကိုတောင် သေချာမကြည့်ရသေးဘူးပဲ။"
နင် ရေအောက်နန်းတော်က စမ်းသပ်မှု ၃ခုကို ကျော်ဖြတ်ခဲ့တုန်းက ရခဲ့တဲ့ မှော်ရတနာတွေကို မစစ်ဆေးကြည့်ရသေးပါဘူး။
"ပထမနဲ့ ဒုတိယ စမ်းသပ်မှုကို ကျော်ဖြတ်တုန်းက ရခဲ့တဲ့ စုံပလုံစိ ပစ္စည်းတွေမှာ မိုးရေစက် ဓားသိုင်းကျမ်းလောက် အဆင့်မြင့်တဲ့ သိုင်းကျမ်းတွေ ပါတယ်။ တတိယ စမ်းသပ်မှုကနေ ရခဲ့တဲ့ ပစ္စည်းတွေက ပထမ နှစ်ခုထက် ပိုများတယ်။"နင် တစ်ခုပြီး တစ်ခု ထုတ်စစ်ကြည့်ပါတယ်။
ဆောင်းဦးသစ်ရွက်လေးက ဘေးကနေ စူးစူးစမ်းစမ်း လေ့လာနေပါတယ်။
အချိန် တော်တော်ကြာတော့...
"နောက်ထပ် လျှို့ဝှက်သိုင်းကျမ်းတစ်ခု.. သန့်စင်သော လေပြည် ကျမ်းဆိုပါလား..."နင် လှန်လှော ကြည့်လိုက်ပြီးတော့...
"ဒါ လည်း ဓားသိုင်းကျမ်းတစ်ခုပဲ။ ဒီမှာက အစစ်အမှန် တာအို အနှစ်သာရကို ဘယ်လိုအသုံးချရမလဲဆိုတာ ရှင်းရှင်းလင်းလင်း ရေးထားပါလား။ ဒါ မိုးရေစက် ဓားသိုင်းနဲ့ ယှဉ်လို့ရတယ်။"
နင်က အခုဆို အမြင် ပိုကျယ်လာပါတယ်။ ပြောရမယ်ဆိုရင် သူက အစစ်အမှန် တာအို အနှစ်သာရကို ဥာဏ်အလင်း ရသွားခဲ့ပြီလေ။ သူ သေချာ သုံးသပ် ဖတ်ရှုပြီးတဲ့ အခါမှာ သန့်စင်သော လေပြည်ညင်းရဲ့ အစစ်အမှန် အနှစ်သာရကို ရည်ညွှန်းထားမှန်း ရေးရေး သဘောပေါက်လာတယ်။
YOU ARE READING
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)
Fantasyအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ၀ါဒကို အခြေခံထားတဲ့ သိုင်း ၀တ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိုက်နေ...