ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 5 (ဇီဖူ တန်ခိုးရှင်)
Chapter 1 ( သတ်သတ်သတ်... )
"သူ့ကို ဒီနေရာကနေ ထွက်ခွာခွင့် ပေးလို့ မဖြစ်ဘူး။"
တောင်ပေါ်မှာ လှလှပပ ၀တ်စားထားတဲ့ တပည့်ခြောက်ယောက်ကလည်း အော်ဟစ်လိုက်ပါတယ်။ အခုဆို သူတို့ရဲ့ အကာအကွယ် ၀င်္ဂဘာ ပျက်ဆီးသွားတဲ့အတွက် ၀င်္ဂဘာထဲကနေ အပြင်ကို မထွက်သွားနိုင်တဲ့ နာကျင်စွာ အော်ဟစ်ညည်းညူသံတွေဟာ ကြားနိုင်သွားခဲ့ပါပြီ။ သူတို့ကို အနှေးနဲ့ အမြန် ရှာတွေ့မှာပါ။ နောက် ဂျိနင်က လွတ်သွားခဲ့ရင် လူတိုင်းက သူတို့ကို ချက်ခြင်း ရှာတွေ့တော့မှာ သေချာပါတယ်။
သူတို့ရဲ့ ၀င်္ဂဘာရဲ့ အလံတိုင်ကိုလည်း ပြန်လုမှ ရပါမယ်။ ဒါကြောင့် ဂျိနင်က သေကို သေရမှာပါ။
သူတို့ရဲ့ လူတွေအကုန်လုံးက ဂျိနင်ဆီကို ပြေးဝင်သွားကြပါတော့တယ်။
နင် ချက်ခြင်းပဲ ၀င်္ဂဘာ အလံတိုင်ကို မှော်သိုလှောင်ခန်းထဲ ထည့်သိမ်းလိုက်ပါတယ်။ တစ်ချိန်တည်းမှာ တောင်ပံမှော်ရတနာကို လှုပ်ရှားလိုက်ပြီးတော့ သူအပြင်ကို ပြေးထွက်သွားပါတော့တယ်။ တစ်ချိန်တည်းမှာ မီးပင်လယ်တစ်ခု ဖြစ်ပေါ်လာပြီးတော့ သူ့ဆီပြေးလာတဲ့ လူတွေ အကုန်လုံးကို လောင်ကျွမ်းဝါးမျိုသွားပါတော့တယ်။ ပတ်ဝန်းကျင်မှာ နာကျင်စွာ အော်ဟစ်သံတွေ ဆူညံသွားခဲ့ပါတယ်။
ဝှစ်.... ၀ှစ်.... ၀ှစ်....
လူအုပ်ကြီးထဲက လူ ၃ယောက်က နင်ဆီကို ရောက်လာခဲ့ပါတယ်။
"ဇင်တျန် တန်ခိုးရှင်တွေ.."
ဒီ ၃ယောက်လုံး ဇင်တျန် တန်ခိုးရှင်တွေမှန်း နင်သိလိုက်ပါတယ်။
"အင်း.. ကြည့်ရတာ ဒီလူယုတ်မာ အင်မော်တယ်ဆီမှာ ထိန်းချုပ်ခံထားရတဲ့ ဇင်တျန် တန်ခိုးရှင်တွေ တော်တော်များများ ရှိတယ်ထင်တယ်။"
"သူ့ကို သတ်ဟေ့""ဆရာကြီးက သူ့ကို သတ်ဖို့ အမိန့် ပေးလိုက်တယ်။"
သူတို့တွေက ပိုင်ဇီရှန်ရဲ့ အဆိပ်ကို စားသောက်မိပြီးတော့ ထိန်းချုပ်ခံထားရတဲ့ လူတွေပါ။ သူတို့တွေ ပိုင်ဇီချန်ရဲ့ အမိန့်ကို မနာခံပဲ မနေရဲပါဘူး။ သူတို့တွေ အလင်းတန်း ဖြစ်သွားပြီးတော့ နင်ကို ဘက်ပေါင်းစုံကနေ တိုက်ခိုက်လိုက်ပါတယ်။ နင်က သူ့ရဲ့ လေတောင်ပံကိုယ်ဖော့ပညာနဲ့ ရိုးရိုးလေး ရှောင်ထွက်သွားပြီးတာ့ နားရွက်ကားကား ၀တုတ် တစ်ယောက်နဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်ပါတော့တယ်။
VOCÊ ESTÁ LENDO
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)
Fantasiaအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ၀ါဒကို အခြေခံထားတဲ့ သိုင်း ၀တ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိုက်နေ...